ပုံပင်မဟုတ်တဲ့အချစ်တစ်ခု(၃၈)❤️🖤

224 17 0
                                    

❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု🖤

အပိုင်း(၃၈)👨‍❤️‍💋‍👨👨‍❤️‍💋‍👨👨‍❤️‍💋‍👨

"ကိုယ်တို့ လက်ထပ်ကြရအောင်"

လုံးဝကို ထင်မှတ်မထားတဲ့အချိန်မှာ ဘယ်လိုမှ
မျှော်လင့်မထားတဲ့စကားကိုကြားလိုက်ရတာမို့
Perth အာမေဍိတ်  သံပင်မထွက်နိုင်ပဲ ပါးစပ်
လေးအဟောင်းသားဖြစ်သွားရသည်။

"လက်.. လက်ထပ်မယ်ဟုတ်လား. "

မျက်လုံးဝိုင်းလေးနဲ့ အထစ်ထစ်အငေါ့ငေါ့မေးမိ
ပြန်တော့ .... ကနုတ်ခမ်းမဖွင့်ပဲပြုံးကာ ခေါင်းငြိမ့်
သည်။

သူအတည်ပြောနေတာလား.. အင် မဖြစ်နိုင်
ဘူး... သူကအခုမူးနေတာ.. ဒါပေမဲ့ သူ့မျက်ဝန်း
တွေကမူးနေတဲ့လူတစ်ယောက်နဲ့ မတူဘူး..

Perth ဂဏှာမငြိမ်တဲ့မျက်ဝန်းလေးတွေနဲ့ သူ့
မျက်နှာကိုအကဲခတ်သလိုကြည့်နေမိပေမဲ့..
တိကျတဲ့အဖြေကထွက်မလာ...

"မင်း အရမ်းမူးနေပြီထင်တယ် ရေထဲမှာကြာကြာ
နေလို့မကောင်းဘူး.. အပေါ်တက်ကြရအောင်"

အသံမတုန်အောင်ကြိုးစား ထိန်းကာပြောရင်း
သူ့လက်ထဲကရုန်းထွက်ကာ... ရေကူးကန်ပေါ်ပြန်
တက်ရန် လှေကားရှိရာကိုဖြေးဖြေးချင်း လျှောက်
လာခဲ့သည်။

"ဟာ.. "

Perthကိုယ်လေးကိုသူက ရေထဲကနေပွေ့ယူ
လိုက်ပြီး ... လျှောက်လာကာ သူကကန်ဘောင်
ပေါ်ပြန်တင်ပေးသည်။နောက်တော့ သူလဲ
ကန်ဘောင်ပေါ်တက်လာသည်။

"အိမ်ထဲ ဝင်ရအောင်လေ.. "

Perthသူ့မျက်နှာကိုမကြည့်ပဲပြောရင်း ထရပ်
လိုက်ပြီး. လျှောက်သွားရန်ပြင်လိုက်စဉ်..

"Perth.. "

ခေါ်သံနဲ့အတူ Perthလက်မောင်းတစ်ဖက်ကို
သူဆွဲယူလိုက်တော့.. Perthကိုယ်လေး
တစ်ပါတ်လည်သွားရကာ.. သူနဲ့မျက်နှာချင်းဆိုင်မိ
လျှက်သား..

"ကိုယ့်စကားကို ဘာလို့ပြန်မဖြေတာလဲ. .. "

"Perthက ဘာဖြေရမှာလဲ... မင်းကမူးပြီး
လျှောက်ပြောနေတာကို... "

Perthစကားကြောင့်သူက ခေါင်းမော့ကာဟား
ကနဲရယ်လိုက်သည်။

"မင်းကကိုယ့်ကို မူးပြီးျပြာချင်ရာပြောတယ်လို့ထင်
နေတာလား... ဒီမှာ ဒီပမာဏလောက်ကခြေလှမ်း
ကိုမပျက်ဖူး... ကိုယ်ဟော်တယ်ကနေ ဒီအထိ
ကားမောင်းလာတာပါ ချာတိတ်လေးရဲ့"

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now