❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု(၇၅)🖤

328 27 7
                                    

❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု🖤

အပိုင်း(၇၅)😘😘❤️🖤

Z&U

"နေဘုန်း"

မိုးသုံကြားထဲမှာ Perthရဲ့အသံက ကျယ်လောင်
စွာထွက်ပေါ်လာခဲ့ပြီး..ကားဘေးမှာပြိုလဲကျသွား
တဲ့...သူ့ရဲ့ကိုယ်ကြီးကို...စိုးရိမ်တကြီး ပွေ့ပိုက်ထား
လိုက်မိသည်။

"နေဘုန်း...မင်းသတိထားပါဦး...လာကြပါဦး
မေပြုံး.."

Perth ဒဏ်ရာဒဏ်ချက်တွေနဲ့သူ့ကို..စိုးရိမ်တ
ကြီး လှုပ်နှိုးနေခဲ့စဉ်...စံအိမ်ဘက်ဆီကနေ Perthတို့ဆီကို ပြေးလာနေပြီဖြစ်တဲ့...ဒယ်နီရယ်
နဲ့နောက်ထပ်နှစ်ယောက်...အနားရောက်လာတာနဲ့..သတိလစ်သွားတဲ့..သူ့ဘေးကို...စိုးရိမ်တကြီး
ထိုင်ချကာ စမ်းသတ်လိုက်တဲ့....ဒယ်နီရယ်...

"Boss သေနတ်ဒဏ်ရာ ရလာတာ သခင်လေး
လက်ယာကျွန်တော့်ကိုလှမ်းအကြောင်းကြားထား
လို့..ကျွန်တော် ခွဲစိတ်မူ့ပြု့လုပ်ဖို့ပြင်နေတာ.."

"နေဘုန်းကို ကယ်ပါဦး"

"Bossကို အထဲမြန်မြန်ခေါ်သွားမှဖြစ်မယ်.."

ဒယ်နီရယ်နဲ့ သူ့လူနှစ်ယောက်က..သူ့ကိုချီမကာ
စံအိမ်ထဲကိုခေါ်သွားသည်။

"သခင်လေး"

ထိုအချိန်အနားကို ရောက်လာပြီဖြစ်တဲ့ မေပြုံးကလဲမျက်ရည်တွေနဲ့..မိုးရေတွေထဲမှာ ကြောင်
တောင်တောင်လေးရပ်ကျန်နေခဲ့တဲ့Perthကို
စိတ်ပူသလိုလာခေါ်သည်။

"ရတယ် မေပြုံး Perthဘာမှမဖြစ်ဘူး"

"Perth မျက်ရည်တွေကိုခပ်ကြမ်းကြမ်းပွတ်သုတ်
ရင်း မေနွမ်းကိုကျော်ကာ စံအိမ်ထဲကိုလိုက်ဝင်လာ
ခဲ့သည်။

❤️🖤❤️🖤❤️🖤😘❤️🖤❤️🖤❤️🖤

လျှို့ဝှက်လှတဲ့ ပတ္တမြားစံအိမ်ကြီးရဲ့ဖွဲ့စည်းပုံထဲမှာ..အထူးကုဆေးရုံကြီးရဲ့ ခွဲစိတ်ခန်းလိုမျိုး
ပြင်ဆင်ထားတဲ့အခန်းကျယ်ကြီးပါဝင်နေမှန်း
Perth အခုမှ သိခဲ့ရသည်။

"သခင်လေး အပြင်မှာစောင့်နေပါ.."

"ဟင့်အင် Perthသူ့ဘေးမှာပဲ နေမယ်"

Perthမျက်ရည်လည်ရွဲနဲ့ ခွဲစိတ်ကုတင်ပေါ်မှာ
ရှိနေတဲ့သူ့လက်ကိုဆုပ်ကိုင်လိုက်ရင်း ဒယ်နီရယ်
ရဲ့စကားကိုယခေါင်းခါငြင်းဆန်လိုက်သည်။

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now