❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု (၇)🖤

266 25 0
                                    

ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု❤️🖤

အပိုင်း(၇)❤️🖤

"ခင်းများတို့...... ဘာတွေလာပြောနေကြတာလဲ”

"မင်းကြည့်ရတာ..... ငါတို့ကိုမယုံတဲ့ပုံပဲ.....
ဟေ့ကောင်မျိုးကြီးစာချုပ်ပြလိုက်စမ်း.. ”

ခေါင်းဆောင်ရဲ့အမိန့်ကြောင့်.... မျိုးကြီးဆိုသူက
လက်ထဲမှာကိုင်ထားတဲ့စာချုပ်ကိုထုပ်ပြသည်။

"ဒါဆို”

"ဟုတ်တယ်.... ဒီတိုက်ခန်းကအခုငါ့အပိုင်ပဲ....
အဲ့ဒါကြောင့်..... မင်းပေးဖို့ကျန်နေတဲ့....
တိုက်ခန်းလခတွေကို..... ငါ့ကိုပေးပြီးတော့
ဒီတိုက်ခန်းပေါ်ကနေဆင်းပေးရမယ်... ”

"ဗျာ”

"Perth အံသြပြီးဘာမှမပြောနိုင်ဖြစ်နေတော့..
ထိုလူကPerthအရှေ့တိုးလာပြီး.. ”

"၅ ရက်ပဲကောင်လေး... ၅ ရက်ပြည့်တာနဲ့မင်းကို
ဒီတိုက်ခန်းမှာမမြင်ချင်ဘူး...... အဲ့ဒီလိုမှမဟုတ်
ရင်တော့ငါ့အဆိုးမဆိုနဲ့..... ”

ပုံစံကိုကြည့်ရုံနဲ့လူမိုက်တွေမှန်း... သိသာသည်
ထိုလူတွေခြေသံခပ်ကြမ်းကြမ်းနဲ့ပြန်ထွက်သွားမှ

"အန်တီသက်..... အန်တီသက်ဆီဖုန်းဆက်ရမယ်”

Perthတိုက်ခန်းပိုင်ရှင်ကိုသတိရကာဖုန်းဆက်
ပေမဲ့.......

"လူုကြီးမင်းခေါ်ဆိုသောဖုန်းမှာ.... စက်ပိတ်ထားပါသည်တဲ့”

ဖုန်းထဲကထပ်ခါထပ်ခါကြားနေရတဲ့အသံကြောင့်
Perthစိတ်ညစ်သွားရသည်။အန်တီသက်.....
လောင်းကစားဝါသနာပါတာသိသည်။ဒါပေမဲ့
တိုက်ခန်းဆုံးတဲ့အထိအကြွေးတင်အောင်လုပ်
မည်လို့ထင်မထား...... အခုတော့...

အဲ့ဒါထက်အရင်ကျန်နေတဲ့တိုက်ခန်းခတွေပါပေး
ပြီး...... အိမ်ပေါ်ကဆင်းရရင်Perthဘယ်သွားနေရမလဲ......

အတွေးနဲ့ပိုပြီးစိတ်ညစ်သွားရသည်။

"ငါဘာလို့ဒီလောက်ကံဆိုးနေရတာလဲ.. ”

စိတ်ပျက်လက်ပျက်ငြီးငြူ လိုက်ရင်း....

🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤🖤

"ဒီတစ်ရက်နှစ်ရက်မှာခေါင်းကိုက်တာက.... ပိုဆိုး
လာတယ်အန်ကယ်..... ဘာမှန်မသိတဲ့မပီပြင်တဲ့
ပုံရိပ်တွေပေါ်လာတာကလဲခဏခဏပဲ....
အန်ကယ်စီစဉ်ပေးထားတဲ့ဆေးနဲ့မတိုးတော့တာလား.... ”

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now