ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု ဇာတ်သိမ်း အဆက်

648 37 6
                                    

"အဟမ်း..အဟမ်း"

ထိုစဉ်အနားရောက်လာတဲ့ အဖိုးနဲ့စံအိမ်ကလူ
တွေကြောင့် အရှိန်သတ်ကာ လူချင်းခွာလိုက်သည်

"အဖိုး"

သူအဖိုးကိုခေါ်ရင်း ပွေ့ဖက်လိုက်သည်။

ထိုအချိန် Saintတို့အနားကို ရောက်လာတဲ့
လက်ယာက...

"Boss လုံးဝ လုံးဝ perfect ပါပဲ.."

လက်မထောင်ပြကာ ပြုံးထေ့ထေ့မျက်နှာနဲ့..
ခပ်တိုးတိုးပြောလိုက်တဲ့ လက်ယာကြောင့်
Saint ရယ်လိုက်မိသည်။

"Perth"

ထိုစဉ် ဆာကူရာ ပန်းစည်းလေးကိုကိုင်ပြီး အနား
ရောက်လာတဲ့ Title...

ရော့ ပိုပြည့်စုံသွားအောင် ဒီပန်းစည်းလေးကိုင်
လိုက် ဟာဆိုကာ Titleက Perthလက်ထဲကို
ပန်းစည်းလေးလာထည့်ပေးသည်။

"ကျေးဇူးပဲ သူငယ်ချင်းရာ အစစအရာရာအတွက်"

Perth ပန်းစည်းလေးကိုယူလိုက်ချိန် သူကအနား
ရောက်လာခဲ့သည်။

"အဆင်သင့် ဖြစ်ပြီလား ကလေး"

သူ့အမေးကို Perth ခေါင်းလေးဖွဖွငြိမ့်ကာ သူ့
လက်ကို ချိတ်ကိုင်လိုက်သည်။

နောက်တော့ ကြည်နူးပျော်ရွှင်စရာ လက်ထပ်ပွဲ
လေးကို တက်ရောက်ဂုဏ်ပြု့ပေးနေကြတဲ့ လူတွေ
ရဲ့အလယ်က ကော်ဇောနီလေးထက်  နှစ်ယောက်
သားလျှောက်လှမ်းလာခဲ့ရင်း...

❤️🖤❤️🖤❤️🖤😘❤️🖤❤️🖤❤️🖤

"5-9-2020"
                မင်းကိုယ့်လဝလေးထဲုကို စဝင်လာတဲ့
နေ့ မတော်တစ်ဆတွေ့ဆုံမူ့ကနေ တစ်ဘဝလုံးစာ
အတွက် ရစ်နှောင်လာခဲ့လိမ့်မယ်ဆိုတာ အဲ့ဒီတုန်း
ကမသိခဲ့ဘူး...
          ပထမဆုံးအကြိမ်တွေ့ဆုံမူ့လို့ ထင်ခဲ့ပေမဲ့
ဒါဟာကံကြမ္မာက ကိုယ့်ကိုနောက်တစ်ကြိမ်အခွင့်
ရေးပေးခဲ့တယ်ဆိုတာလဲ....အဲ့ဒီတုန်းကတစ်ကယ်
ကိုမသိနိုင်ခဲ့ပါဘူး..🖤❤️

"12-9-2020"
               မင်းသိလား ..မင်းကိုပထမဆုံး ကိုယ့်ရဲ့
စံအိမ်ကို စခေါ်လာတဲ့နေ့က...ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့မိတယ်..အဲ့ဒါကမင်းကိုကိုယ့်ရဲ့ကောင်လေး
ဖြစ်လာစေရမယ်ဆိုတာပဲ..🖤❤️

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now