❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု(၇၃)🖤

394 30 6
                                    

❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု🖤

အပိုင်း(၇၃)❤️🖤😘😘

Z&U

"ပြီးတော့ မင်းတို့ရဲ့ One starကိုလဲ ငါ့ရဲ့ပါတနာအဖြစ်ကနေ ရပ်ဆိုင်းလိုက်ပြီ.."

"ကိုနေဘုန်း...အမုန်းတောင်းပန်ပါတယ်...အဲ့လို..
မလုပ်ပါနဲ့...အမုန်း...အမုန်း...ကိုနေဘုန်းရဲ့ချစ်သူ
ကိုလဲ..ကျေနပ်အောင် တောင်းပန်ပါ့မယ်..ဒယ်ဒီနဲ့
လက်တွဲမဖြုတ်ပါနဲ့..."

အမုန်းသူ့ကိုအသည်းအသန်တောင်းပန်နေမိ
သည်။

"ကိုယ့်ကို မော်ဒယ်အဖြစ်ကနေထွက်စေတာ ဘာမှပြဿ     နာမရှိပေမဲ့...The sun နဲ့သာလက်တွဲ
ဖြုတ်လိုက်ရင်....ဒေဝါလီ ခံရတော့မဲ့ One star"

"ဒီလို ပြဿ     နာလေးအတွက်...အမုန်းတို့ကို
အဲ့လောက်ထိအပြစ်မပေးပါနဲ့... တောင်းပန်ပါ
တယ်.."

Saint သူ့ကို ဒူးထောက်တော့မတက်...တောင်း
ပန်နေတဲ့ သူမကို Saintအေးဆေးစွာစိုက်ကြည့်
လိုက်ရင်း....

"မင်းအတွက်တော့...သာမာန်ပြဿ     နာလေးတစ်ခု
နေမှာပေါ့...ဒါပေမဲ့....သူ့ကိုတစ်ခြားသူက..
မျက်လုံးနဲ့ဝေ့ကြည့်တာတောင်မခံနိုင်တဲ့ငါ့အတွက်
ဒါက..မိုးလောက်ကြီးတဲ့ပြဿ     နာပဲ..."

"မင်းမလုပ်ခင်ကတည်းက သိထားသင့်တယ် သူ့ကို
ထိရင် ဘယ်လိုဖြစ်မယ်ဆိုတာ...မင်းက ငါးစာသာ
မြင်ပြီး..ငါးမျှားချိတ်ကိုမမြင်တက်တဲ့သူပဲ အရာရာ
အစစ ငါ့ချစ်သူကိုမှ လာထိရတယ်လို့..."

"မင်း...နောက်ထပ်ငါ့ရှေ့မှာ...ဘယ်တော့မှထပ်
ပေါ်မလာနဲ့...အဲ့ဒီလိုမှမဟုတ်ရင် ငါမင်းရဲ့
အသက်ကို အာမ မခံဘူး...နားလည်တယ်နော်"

စကားအဆုံး ပခုံးနှစ်ဖက်ကိုသူစောင့်လွှတ်လိုက်
တော့ အမုန်းဆိုဖာကြားထဲ လဲပြို ကြသွားရသည်။

"ကိုနေဘုန်း..အဟင့်..အဟင့်.."

ငိုရှိုက်သံတွေနဲ့..အမုန်းရဲ့ခေါ်သံကို သူဥပေက္ခာ
ပြု့ရင်း အခန်းထဲကနေခြေလှမ်း ကျဲကြီးတွေနဲ့
ထွက်ခွာလာခဲ့သည်။

"အဟင့်...အဟင့်"

နောက်ပြန်လှည့်လို့မရတော့တဲ့...အချိန်တွေ
အတွက် နောင်တတွေနဲ့ အတူ အမုန်းရဲ့ငိုရှိုက်သံ
တွေက အခန်းထဲပျံ့လွင့်သွားခဲ့ရင်း...

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now