❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု(၆)🖤

264 25 0
                                    

ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု❤️🖤

အပိုင်း(၆)

B-25

အခန်းနံပါတ်ကိုကြည့်ရုံမျှနဲ့တင်... Perth.ကျော
ချမ်းသွားရသည်။

"မဝင်ပြန်ရင်လဲ..... ငါ့ဆွဲကြိုးကို.... အဲ့ဒီလူရှုပ်
ကောင်၊နှာဘူးကောင်က..... ပြန်ပေးမှာမဟုတ်ဖူး

Perthအခန်းရှေ့မှာ.ခြေစုံရပ်ပြီး.. ချီတုံချတုံ
ဖြစ်နေစဉ်.....

"ကျွီ”

ဖျက်ခနဲပွင့်သွားတဲ့အခန်းတံခါးနဲ့..... အခန်းဝမှာ
ပေါ်လာတဲ့သူ့ပုံရိပ်ကြောင့်..... Perth တုန်သွား
ရသည်။

"မင်း”

တစ်ခုခုပြောရန်ပြင်ပြီးသူ့ကိုကြည့်လိုက်ပေမဲ့
မျက်လုံးချက်ချင်းပြန်လွှဲမိသွားရသည်။ရှပ်အကျႌ
တစ်ထည်ကို.... ကြယ်သီးတပ်မထားပဲရင်ကွဲဝတ်
ထားတဲ့.... သူ့ရဲ့... ခန္ဓာကိုယ်အပေါ်ပိုင်းက
ကြွက်သားအမြှောင်းမြှောင်းနှင့်.... တောင့်တင်း
ကြည့်ကောင်းနေတာကြောင့်

Saint အခန်းရှေ့မှာရပ်နေတဲ့ကောင်လေး
ကိုကြည့်ပြီး.... လှစ်ခနဲပြုံးလိုက်သည်။

"မင်းလာမယ်ဆိုတာ.... ကိုယ်သိသားပဲ.. ”

"မင်းဆီလာတာမဟုတ်ဖူး...... Perthအခုမှစဉ်းစားနေတုန်းရှိသေးတာ... ”

သူက မျက်နှာလေးလွှဲထားရင်းပြောသည်။

"ဘာပဲပြောပြော... မင်းအခုအခန်းရှေ့ကိုရောက်
နေတာပဲမဟုတ်လား.... လာခဲ့”

"အာ”

သူကPerthကိုအခန်းထဲဆွဲသွင်းသွားကာ...
တံခါးကိုပိတ်လိုက်သည်။

"မင်း... လွှတ်ပါ”

အခန်းထဲရောက်တော့.... သူဆွဲလာတဲ့လက်ကို
Perthဆောင့်ရုန်းလိုက်တော့.... သူယိုင်ခနဲ
ဖြစ်သွားသည်။

"ဟင်”

Perthနည်းနည်းအံသြသွားရသည်။ခါတိုင်း...
လက်တစ်ဖက်ထဲနဲ့တောင်.... Perthကိုကောင်း
ကောင်းချုပ်ထားနိုင်တဲ့သူက... ဒီလောက်လေးနဲ့
ယိုင်နဲ့သွားရလား... ပြီးတော့သူ့မျက်နှာက
ဖြူ ဖက်ဖြူ ရော်နဲ့ဖြစ်နေသလိုပင်...

"မင်း... နေမကောင်းဘူးလား. ”

Perthမေးလိုက်တော့.... သူကနှဖူးကိုလက်နဲ့
ဖိထောက်ထားရင်းမှ.... ဆံပင်တွေကိုခါလိုက်ကာ

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now