❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု(၁၁)🖤

245 21 0
                                    

ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု❤️🖤

  အပိုင်း(၁၁)

သူထွက်သွားပြီးတော့..... Perth လဲဂိုလ်ဒေါင်ထဲကနေကားလေးကိုမောင်းထွက်လာခဲ့သည်။

မကြာခင်ဂျာနယ်တိုက်သို့ရောက်ရှိလာကြီး....
Perthပြိုင်ကားအနက်ရောင်လှလှလေးကို
ဂျာနယ်တိုက်အဆောက်အဦးရဲ့ကားပါကင်ထဲသို့ကျွမ်ကျင်ပိုင်နိုင်စွာပါကင်ထိုးလိုက်သည်။
တစ်ခါတစ်လေအလုပ်ကိစ္စအရေးကြီးတဲ့အချိန်မျိုးဆိုဂျာနယ်တိုက်ကကားကိုယူမောင်းနေကြဖြစ်သ
လိုကားမောင်းသင်ထားပြီးကားမောင်းလိုင်စင်လဲ
ရှိနေတာမို့Perth ကားကိုကျွမ်းကျင်စွာမောင်း
တက်ပါသည်။

"နာမည်ကြီးဟိုက်ဘော့စ်တစ်ယောက်လုံးနဲ့တွဲနေတာဆိုတော့လဲ...... နောက်ဆုံးပေါ်ကားနဲ့တောင်
အလုပ်ကိုလာနိုင်တယ်ပေါ့. .... ”

နောက်ကနေခနဲ့တဲ့လေသံကြောင့်Perthခြေ
လှမ်းတွေရပ်တန့်သွားရသည်။လှည့်မကြည့်ပေမဲ့
Bounဆိုတာသိပြီးသား.....

"Perth ဘာမှမပြောပဲဆက်လျှောက်လာစဉ် ”

"မင်းကယောက်ျားလေးတစ်ယောက်ဖြစ်ပြီး
တော်တော်ကိုအရှက်မရှိတာပဲPerth.... ”

ပြောရင်းနဲ့BounကPerthရှေ့သို့ရောက်လာသည်။

"ဘာတွေ.... ငါ့ကိုဇယားလာရှုပ်ဦးမလို့လဲ.....
ဖယ်ငါ့ရှေ့ကနေ..... မင်းနဲ့ပြဿ   . နာမဖြစ်ချင်ဘူး”

"ငါမင်းနဲ့အတူတူ... အလုပ်လုပ်နေရတာတစ်ကယ်
ရှက်မိတယ်သိလား... ”

ယောက်ျားလေးတစ်ယောက်ဖြစ်ပြီးဒီလိုလုပ်စားရတယ်လို့.......

"ဒါဆိုလဲ.... မင်းအလုပ်ထွက်လိုက်လေ.. ”

"ထွက်ချင်းထွက်မင်ထွက်ရမှာPerth”

Bounကဒေါသတွေကိုထိန်းချုပ်ထားရသလိုနဲ့
အံကြိတ်သံနဲ့ပြောသည်။

"ဘယ်လိုနည်းလမ်းတွေနဲ့..... ခနလေးအတွင်းမှာ
နေဘုန်းကမ္ဘာလိုလူမျိုးကိုစည်းရုံးလိုက်လဲဆိုတာ
ငါတစ်ကယ်နားမလည်တော့ဘူး.......
ဘာလဲမင်းယောက်ျားတန်ပဲသူ့ကုတင်ပေါ်ရောက်
သွားတော့တာလား.... ”

"ဘာ”

စော်ကားလွန်းနေသောစကားကြောင့်.... မခံချင်
မာနကဒေါသပွက်ပွက်ဆူလာပြီး..... စိတ်ထိန်း
Perth ..... ဒီနေရာမှာဒေါသထွက်ရင်မင်းအရှုံးပဲ.... ကိုယ့်ကိုယ်ကိုသတိပေးလိုက်ရင်း......

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now