❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု(၆၉)🖤

280 29 3
                                    

❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု🖤

အပိုင်း(၆၉)😘😘🖤❤️

Z&U

အခန်းထဲလှမ်းဝင်လာလာချင်း....နှာခေါင်းထဲဝင်
ရောက်လာတဲ့....ယဉ်ပါးနေတဲ့ ဆေးရည်န့ံ...

Saintရေစိမ်ချိုးဖို့ မေပြုံးလာပြင်ပေးနေတယ်လို့
ထင်လိုက်ပေမဲ့လဲ....အခန်းထဲကိုဝေ့သွားတဲ့မျက်
ဝန်းတွေက သူ့ကိုမတွေ့လိုက်ရတဲ့အခါ...

"ကျွီ"

ရေချိုးခန်းနားကို လျှောက်သွားရင်း တံခါးကိုဖွင့်
ကြည့်လိုက်တော့...တွေ့ပါပြီ ကြွေရေကန်ကြီးနားမှာ...တစ်ကုတ်ကုတ်နဲ့အလုပ်ရှူပ်နေတဲ့သူ...

"ဘာလုပ်နေတာလဲ Perth"

Saintအသံကြောင့် သူကချာကနဲလှည့်ကြည့်လာသည်။

"မင်းရောက်လာပြီလား ဒီမှာPerthမင်းရေချိုးဖို့
ပြင်နေတာ..."

သူ့စကားကြောင့်Saintပြုံးမိသွားရကာ သူမအနားကိုလျှောက်သွားလိုက်ရင်း...

"ဘာလို့ကိုယ်တိုင်လုပ်နေတာလဲ မေပြုံးလုပ်မှာ
ပေါ့"

"မေပြုံးကပြောတယ်...ဒါ..Perthအရင်ကမင်း
အတွက်လုပ်ပေးနေကြတဲ့..အဲ့ဒါကြောင့်Perth
စဉ်းစားပြီးသေချာပြင်ပေးနေတာ..."

ပြောလဲပြောသူက ပန်းပွင့်လေးတွေပြည့်နေတဲ့
ရေတွေကို..လင်လေးနဲ့နှစ်ကြည့်ရင်း..

"ရေကမပူမအေးလေးဆိုတော့..အင်း..ရလောက်
ပါပြီ..ဘယ်လိုနေလဲဟင် Perthပြင်ပေးထားတာ
အဆင်ပြေရဲ့လား..."

မှတ်ဉာဏ်တွေပြန်ရဖို့အတွက်...တစ်ကယ်ကိုကြိုး
စားနေရှာတဲ့သူ...Saint ဂရုနာသက်စွာ..ငေး
ကြည့်နေရင်းမှ...ပြုံးလိုက်မိကာ..ရေချိုးခန်းကြွေ
ဘောင်ပေါ်...တင်ပါးလွှဲထိုင်လိုက်ရင်း ရေတွေကို
လက်လေးနဲ့ လှုပ်ခတ်လိုက်ကာ..

"အင်းအဆင်ပြေတယ် မင်းအရင်ကလုပ်ပေးနေကြ
အတိုင်းပဲ.."

"တစ်ကယ်တော်သေးတာပေါ့...Petthကအရင်
ကနဲ့မတူမှာစိုးနေတာ"

Saintပြောလိုက်မှ  ရင်ဘက်လေးလက်လေးနဲ့
ဖိကာမျက်နှာလေးပြုံ းသွားတဲ့သူ့ကို...လက်ကနေ
ဆုပ်ကိုင်ဆွဲချလိုက်တော့....သူကSaintပေါင်
ပေါ်မှာကျောခိုင်းပြီးထိုင်လျှက်သားလေးဖြစ်သွား
ရသည်။

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now