ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု(၃၂)❤️🖤

254 17 0
                                    

❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု🖤

အပိုင်း(၃၂)👨‍❤️‍💋‍👨👨‍❤️‍💋‍👨

"အပြင်သွားမယ်ဆိုလဲ..... ဘာလို့ကိုယ့်ကိုမပြော
တာလဲ.... မင်းအခုထိပြန်မရောက်သေးလို့ ဘယ်
လောက်ထိစိတ်ပူနေရလဲဆိုတာ သိရဲ့လား... "

Perth ခေါင်းလေးကိုဖွဖွပွတ်ကာ.. ပြုံးကြည့်ပြီး
ပြောလိုက်တဲ့ သူ့ရဲ့အမူယာက လိုတာထက်ပိုပြီး
နူ့ညံ့နေတာကို Perthခံစားမိသည်။ဒါက သူ့ရဲ့ပုံစံမှမဟုတ်တာ..... မျက်ဝန်းတွေကအေးစက်နေတာ.... သူ စည်းစိမ်ရှန် အရှေ့မှာမို့ တမင်လုပ်ပြ
နေတာလား...

Perth အတွေးနဲ့ စည်းစိမ်ရှန်ကိုလှမ်းကြည့်လိုက်
တော့... Perth နဲ့သူ့ကိုစူးစမ်းသလို ကြည့်နေတဲ့
မျက်ဝန်းတွေနဲ့ဆုံလိုက်ရပြန်သည်။

"ဟို.. Perthကိုပြန်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်
ကောင်းကောင်းပြန်ပါဗျ... "

Perth စည်းစိမ်ရှန်ကို... မြန်မြန်ပြန်စေချင်တာမို့
နှင်သလို ထပ်ပြီးနူတ်ဆက်လိုက်မိသည်။မဟုတ်ရင်
ဒီနှစ်ယောက်ရဲ့စူးရဲနေတဲ့အကြည့်တွေက..
ပေါက်ကွဲတော့မဲ့... ဗုံးလို...

"ရပါတယ်Perth ကိုယ့်အတွက်အပန်းမကြီးပါ
ဘူး.. ဘာပဲဖြစ်ဖြစ်အကူညီလိုရင်လဲ ကိုယ့်ကို
အချိန်မရွေးပြောပါ... "

သူကပြောရင်း ပိုက်ဆံအိတ်ထဲက ကဒ်ပြားလေး
တစ်ခုကိုထုတ်ပေးသည်။

"ဒါ ကိုယ့်ရဲ့ ကဒ်"

Perth သူ့ကိုမော့ကြည့်ပြီး စည်းစိမ် လှမ်းပေးတဲ့
ကဒ်ကို လှမ်းယူရန်ပြင်လိုက်စဉ်..

"ဟင်"

Perthရဲ့လက်ကို သူကဆောင့်ဆွဲလိုက်တာမို့
Perthရဲ့ ခန္ဓာကိုယ်လေးပါ သူ့ဘက်ယိုင်သွားရ
သည်။

တစ်ချက်လေးမှ.... မျက်နှာပျက်မသွားအောင် ကြိုးစားထိန်းထားပေမ့ဲ... တစ်ဖြေးဖြေးအုံကြွလာတဲ့
ဒေါသတွေကြောင့် နူတ်ခမ်းတွေကို တင်းနေ
အောင်... စေ့ထားမိတဲ့Saintက...

"စေတနာကိုပဲလက်ခံ ထားလိုက်မယ်... ဒါပေမဲ့
သူက ငါကလွဲရင် ဘယ်သူ့အကူအညီမှမလိုအပ်မှာ
မဟုတ်ဘူး... "

ခပ်ပြတ်ပြတ်ပြောလိုက်တဲ့ စကားကိုနားထောင်ပြီး
စည်းစိမ် ခံရခတ်သွားသည်။ဒါပေမဲ့ ဒီအချိန်မှာ
ဒေါသ ထွက်ရင်ကိုယ်ကအရှုူံးဖြစ်သွားမှာကို
သိနေတော့... နူတ်ခမ်းတွေကဟန်လုပ်ပြုံးလိုက်
ရင်း ကဒ်ကို အိတ်ထဲပြန်သိမ်းလိုက်သည်။

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now