❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု(၆၅)🖤

290 32 5
                                    

❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု🖤

အပိုင်း(၆၅)😘😘❤️🖤

Z&U

"ကတိပေးတယ်"

"အနမ်းထက်ပိုတဲ့ ဘယ်လိုအရာမျိုးမှ မဖြစ်စေရဘူး.."

"ဟင်"

"ဇာတ်လမ်းက စပြီ နှာဘူးကောင်"

ခဏခဏကြားဖူးနေသလို....စိ်းသက်မနေတဲ့ စကားတစ်ခွန်းကြောင့် Perth တွေတွေလေးဖြစ်
သွားစဉ်...

စေ့စေ့မကြည့်ရဲလောက်အောင်...သူ့မျက်နှာ
ချောချောက..Perthမျက်နှာနားလေးကိုတစ်
ဖြေးဖြေးချင်းကပ်လာခဲ့ချိန်...

"ဟင် မရ"

Perth ဆောင်ကိုဆွဲထားတဲ့လက်နဲ့....သူ့မျက်နှာ
ကိုလှမ်းတွန်းလိုက်တာမို့...ကိုယ်လုံးကိုသိမ်းပါတ်
ထားတဲ့စောင်ကို..ဆောင့်ဆွဲသလိုဖြစ်သွားပြီး
ပစ်စလက်ခတ်လဲကျသွားခဲ့လျှင်...

"ဟိတ်..Perth"

Perthကိုစိုးရိမ်တကြီးလှမ်းဆွဲလိုက်တဲ့သူ့ကိုပါ
ဆွဲချလိုက်သလိုဖြစ်သွားပြီး..နှစ်ယောက်စလုံး
အိပ်ယာပေါ်လုံးထွေးပြုတ်ကျသွားသည်။

သူ့ရင်ခွင်အောက်မှာ ခန္ဓာကိုယ်ချင်းပိနေခဲ့တဲ့
အနေအထားနဲ့...အရမ်းကိုနီးကပ်သွားပြန်တဲ့ မျက်
နှာနှစ်ခု...ရီဝေစူးရှနေတဲ့မျက်ဝန်းတွေနဲ့သူ့ထံမှာ
ခဏတာငြိမ်သက်စွာအငိုက်မိသွားခဲ့ပြီးမှ ဆက်ကနဲဆိုသတိဝင်လာရတဲ့ Perth...

"အာ..ဖယ်ပေး မင်းကိုယ်ကြီးကအရမ်းလေးတယ်"

Perth....သူ့ရင်ဘက်ကို လက်နှစ်ဖက်နဲ့တွန်းပြီး
ပြောနေသော်လဲ..သူကPerth ကိုယ်ပေါ်က
မဖယ်ပဲ မချို မချဉ်အပြုံးနဲ့ ကြည့်နေသည်။

"ဘာကြည့်နေတာလဲ ဖယ်လို့ပြောနေတာကို ကဲကွာ.."

Petthသူ့ကိုအတင်းတွန်းဖယ်လိုက်မှ  သူကဘေး
ကိုပစ်လှဲချသွားသည်။ရဒါတောင်အမိအရက ပါးကိုနမ်းလိုက်သေးသည်။

"မင်း"

Perth ခေါင်းလေးကိုတစ်ချကမသပ်လိုက်ကာ ထထိုင်လိုက်သည်။

"မင်း..ဒီမှာမအိပ်နဲ့..သွားတော့"

"ဟာ..ဘာဖြစ်ရပြန်တာလဲ..မင်းပဲခုနကကိုယ့်ကို
လာအိပ်ဖို့ခေါ်တာမဟုတ်လား"

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now