ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု(၃၇)❤️🖤

235 17 0
                                    

❤️ပုံပြင်မဟုတ်တဲ့ အချစ်တစ်ခု🖤

အပိုင်း(၃၇)👨‍❤️‍💋‍👨👨‍❤️‍💋‍👨👨‍❤️‍💋‍👨

"တူ တူ တူ"

သူ့ကိုစောင့်နေမိချိန်မှာ ဖုန်းဝင်လာသဖြင့် သူ့ဆီ
ကလားဆိုပြီး မျှော်လင့်ချက်လေးနဲ့ကြည့်လိုက်မိ
ပေမဲ့...

"လက်ယာ... "

ဖုန်းမှာပေါ်နေတဲ့အမြည်ကြောင့် Perthအမြန်ပဲ
ဖုန်းကိုင်လိုက်သည်။

"ဟဲလို "

"ဟဲလို... သခင်လေး. "

"လက်ယာ နေဘုန်း အခုဘယ်မှာလဲ... ဒီလောက်
နောက်ကျနေပြီ ဘာလို့ပြန်မလာသေးတာလဲ
ကိစ္စတစ်ခုခုရှိနေလို့လား.. "

Perthတစ်ဖက်က ဘာမှမပြောရသေးခင် ကိုယ်
သိချင်တာတွေတန်းစီပြီးမေးလိုက်သည်။

"ကျွန်တော် အခု Bossနဲ့အတူရှိနေတာမဟုတ်ပါ
ဘူး.. "

"ဟင် မင်းကသူ့အနားမှာအရိပ်လိုရှိနေရမှာ .
မဟုတ်ဖူးလား.. "

"ဟုတ်ပါတယ်.... ဒါပေမဲ့Bossကကျွန်တော်ကိုသူ့
နောက်ကိုလိုက်မလာနဲ့ ဆိုပြီးထားခဲ့တာပါ.. "

"သူ ဘာကိစ္စတွေဖြစ်ခဲ့လို့လဲ... "

Perth မေးလိုက်တော့ တစ်ဖက်က လက်ယာ
ဖြေရခတ်ဟန်နဲ့.... အသံခဏတိတ်သွားပြီးမှ..

"ဒီနေ့ Bossအရမ်းစိတ်ညစ်နေလို့ပါ.... ကျွန်
တော်ဒီလောက်ပဲ ပြောနိုင်တာကိုခွင့်လွှတ်ပါ
သခင်လေး အခုလောက်ဆိုBossမူးနေလောက်
ပြီ.. "

"မင်းတို့သူ့ကိုဘာလို့ လိုက်မရှာတာလဲ.. "

"Bossက သူ့နောက်ကိုမလိုက်ခဲ့နဲ့လို့ အမိန့်ထုတ်
ထားလို့ပါ.. "

ဟာ စကားကို မြေဝယ်မကျနားထောင်တဲ့ တပည့်
တွေပါလား...

Perth. စိတ်တိုတိုနဲ့ တွေးလိုက်မိသည်။

"အဲ့ဒါသခင်လေး.. Bossဆီဖုန်းဆက်ပြီးပြန်လာ
ဖို့ ပြောကြည့်ပါလား... သခင်လေးပြောရင်
ရမှာပါ.. "

လက်ယာက Perthကို အားကိုးတစ်ကြီးနဲ့ အကူအညီတောင်းနေသည်။

အင်းPerthဖုန်းဆက်ကြည့်လိုက်မယ် မင်းက
ရော အခုဘယ်မှာလဲ..

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now