❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု(၇၇)🖤

381 28 9
                                    

❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု🖤

အပိုင်း(၇၇)😘😘❤️🖤

Z&U

စည်းစိမ်က Saint ရဲ့စကားကိုနားထောင်ပြီး
ပြုံးလိုက်သည်။ပြီးတော့ Saintထံဝေ့ကြည့်လာ
တဲ့မျက်ဝန်းတွေက......

"ဒါနဲ့...မင်းအဆင်ပြေလား..မင်းကြည့်ရတာ
နေမကောင်းသလိုပဲနော်..."

အနည်းငယ် သွေးရောင်မရှိတာကလွဲရင်...ခပ်စူး
စူးအကြည့်နဲ့တည်တင်းနေတဲ့နူတ်ခမ်းတွေက..
အခါများစွာကလို..မာကျောခတ်ထန်နေတာကို
သိပေမဲ့....စည်းစိမ်ခနဲ့သလို မေးလိုက်သည်။
ထိုအခါ နူတ်ခမ်းတွန့်ရုံပြုံးလိုက်တဲ့ Saintက...

"ငါလား...စိတ်ပူပေးတာကိုတော့ကျေးဇူးတင်
တယ်...ဒါပေမဲ့..အသက်နဲ့အဝေးကြီးပဲ...အပိုတွေ
ပြောနေတာကိုရပ်ပြီး....အပေးအယူစလိုက်တော့
မလား..."

Saintပြောရင်း...လက်ကိူဖြန့်လိုက်တဲ့အခါ..
လက်ယာက အသင့်ကိုင်ထားတဲ့ အနက်ရောင်ဘူး
လေးကို လာထည့်ပေးသည်။

"ဒါ...မင်းလိုချင်နေတဲ့ မန်မိုရီကဒ်ပဲ..."

"Saint ဘူးကိုဖွင့်ပြပြီးပြောလိုက်တော့..."

"လူရော...ဘယ်မှာလဲ"

စည်းစိမ် သူ့လူတစ်ယောက်ကို မျက်ရိပ်ပြလိုက်
တော့...ထိုလူက...အစွန်းဆုံးမှာရပ်ထားတဲ့....ကား
နားကိုလျှောက်သွားကာ..နောက်ခန်းတံခါးကို
ဖွင့်ပြီး ခေါင်းမှာအနက်ရောင်စွပ်ကိုစွပ်ထားပြီး
လက်ပြန်ကြိုးတုပ်ထားတဲ့ လူတစ်ယောက်ကိုဆွဲ
ခေါ်လာသည်။

"ဒါ...မင်းအလိုရှိနေတဲ့ Leonardပဲ.."

စည်းစိမ်ထိုလူရဲ့ပခုံးကနေဆုပ်ကိုင်ကာ....Saint
ဘက်ကိုတွန်းလိုက်တော့...Saibtအရှေ့မှာ ဒူး
ထောက်ကျသွားတဲ့ထိုလူ...

လက်ယာ ထိုလူရဲ့ခေါင်းစွပ်ကို ဆွဲချွတ်လိုက်တော့
ဆေးမူးနေဟန်ရှိတဲ့..ရီဝေဝေမျက်ဝန်းတွေနဲ့
အသိမကပ်တော့တဲ့ Leonard....

"အဆင်ပြေပါတယ်နော် မင်းသူ့ကိုကြိုက်သလိုစီရင်
လို့ရပြီ..."

Saint လက်ထဲက မန်မိုရီကဒ်ထည့်ထားတဲ့ ဘူးအနက်လေးကို အနားကိုရောက်လာတဲ့ စည်းစိမ်
ရဲ့လူလက်ထဲထည့်ပေးလိုက်သည်။

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now