နေရောင်ဖြဖြတို့ အခန်းတွင်းသို့ ကျရောက်ချိန် ..ငှက်အော်သံလေးတွေလည်း ပလုံစီလို့...အိပ်ယာထချိန်ရောက်ပြီဆိုတာ ကျွန်တော် သိလိုက်ပြီ၊
အကြောဆန့်ရင်း ကျွန်တော် ဒီနေ့ လုပ်ရမယ့် အကြောင်းအရာလေးတွေ တွေးရင်း...ကမန်းကတန်းထမိတယ်..
*ဒီနေ့ အကိုနဲ့တွေ့ဖို့ ကျွန်တော် ချိန်းထားတယ်လေ*အဝတ်ဘီဒိုမှာ အဝတ်အစားတွေ တစ်စုံပြီးတစ်စုံ ကျွန်တော် ရွေးမိနေတယ်၊ စိတ်တွေလည်း လူပ်ရှားလို့...ဒါ ကျွန်တော် အမြဲ အကိုနဲ့ တွေ့ခါနီးတိုင်း... ဒီလို ကပျာကယာ ဖြစ်နေကြပဲလေ
မိုးပြာရောင် ရှပ်အက်ျီ လက်ရှည်ကို ဒဒေါင်ဆစ်ထိ ခေါက်တင်ပြီး အနက်ရောင် ဘောင်းဘီရှည် ခပ်ကျပ်ကျပ်ဝတ်လျက်..
တပ်နေကျ နားဆွဲလှလှလေးအား နားနှစ်ဖက်မှာ တပ်လိုက်သေး၏၊ရွှေရောင်ဆံပင် ခပ်အုပ်အုပ်လေးအား ဖွလျက် ကိုယ့်ပုံကိုယ် ကြည့်ရင်း ကျေနပ်နေမိသည်၊
*ကျွန်တော် ပြင်ထားသမျှက အကို့တွက်ဆိုတာ... * အကိုသိစေဖို့ ဆုတောင်းရင်း...ချိန်းထားတဲ့ နေရာသို့ ထွက်လာမိတယ်................................
ကော်ဖီဆိုင်ထဲ ဝင်လိုက်သည်နှင့် တံခါးမှာချိတ်ထားတဲ့ ခေါင်းလောင်းသေးသေးလေးများက.. လူပ်ခတ်လို့ ...
ဘေးဘယ်ညာ ကြည့်မိလိုက်သည်နှင့်..."ယောင်း...အကို.. ဒီမှာ''
.. လက်ကလေး ပြလို့ ကျွန်တော့်ကို လှမ်းကြည့်နေလေရဲ့"အကို ရောက်တာ ကြာပြီလား..
ယောင်း နဲနဲ နောက်ကျသွားတယ်''"အားနာစရာ မလိုဘူးနော်
ကိုယ့်ချစ်သူ ပဲ၊
ယောင်း ဘယ်လောက်
နောက်ကျကျ အကို က
စောင့်နေမှာ သိလား... ''ကျွန်တော့ ခေါင်းလေးအား ပုတ်လျက် အပြုံးများဖြင့်...အကိုက ကျွန်တော့ကို နွေးထွေးစေတယ်
"ဘာစားမလဲ ယောင်း...
ယောင်းဗိုက်ဆာမှာစိုးလို့
အကို ချောကလက်မစ်ရှိတ်နဲ့
ပေါင်မုန့်မီးကင် မှာပေးထားတယ်''"အကိုက ယောင်းအကြိုက်
သိပြီးသားလေ၊
အာ့ကြောင့် အကို့ကို ချစ်တာ''
YOU ARE READING
Unbelievable Forever 💙💙🖤 (Completed)