ဘဝက ဘယ်တော့မှရိုးရှင်းမနေဘူး...။
ထင်ထားတာတွေဖြစ်မလာပဲ ထင်မှတ်မထားတဲ့
အရာတွေကလည်း မကြာခနဆိုသလိုပဲ ကြုံရတယ်။
ကြိုတွေးထားလို့မရတဲ့ အနာဂတ်မှာ အရိုးရှင်းဆုံး
တောင်းဆုပြုရရင် ငါ ငြိမ်းချမ်းစွာပဲနေချင်တယ်။ဒီဆုတောင်းတွေ ဘယ်တော့မှပြည့်လာမှာ မဟုတ်တော့ဘူး ဆိုတာငါသိတဲ့နေ့က
ငါဝဲဘက်ရင်အုံက အရမ်းနာကျင်ရတယ်။
ဘာလို့ဆို မာနတွေ တစ်ရစ်ခြင်းနင်းချေမဲ့သူရဲ့
လက်ထဲမှာ ငါ့ဘဝဟာ မငြိမ်းချမ်းစွာ အပြီးသတ်
ရတော့မှာမို့...။______________________________________
7.8.2019 မနက် 3:00
Xiao group ရဲ့ ဥက္ကဌ ရှောင်းကျန့်ဟာ
ကားမတော်တဆမှု ဖြစ်ပွားခဲ့သည်။ဒဏ်ရာ အပြင်း
အထန်ရရှိခဲ့ပီး အရေးပေါ်အခြေအနေတွင်
အသက်လုနေရစဲ။7.8.2019
Wang grop မှ တစ်ဦးတည်းသော သား
ဝမ်ရိပေါ်နှင့် ချစ်သူမိန်းကလေးတို့သည်လည်း
ထိုအချိန်ထိုနေရာတွင် ကားမတော်တဆမှုဖြစ်
ပွားခဲ့သည်။တစ်ဖက်ကားမှ ရှောင်းကျန့်၏ အခြေနေ
နှင့် မိန်းကလေးကျောင်အန်း တို့၏ အခြေနေမှာ
စိုးရိမ်ဖွယ်ရာဖြစ်သည်။ကံကောင်းထောက်မစွာဖြင့်
ရိပေါ်ကတော့ ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တာရယ်စိုးရိမ်စရာမခဲ့ရှိပေ..။"ကျန်းချန်... "
အလောတကြီး နောက်မှ ခေါ်လိုက်သည့်အသံကြောင့် ကျန်းချန်လှည့်ကြည့်လိုက်သည်။"ယွီပင်း...ဘာလို့နောက်ကျနေတာလဲ?"
"ငါလည်း လာခဲ့တာပဲ။ခု ရှောင်းကျန့်အခြေအနေ
ဘယ်လိုလဲ..?"
ယွီပင်း စကားကြောင့် ကျန်းချန် မျက်နှာတော့
မကောင်းပေ။"ခု အရေးပေါ်အခန်းထဲမှာ။ဦးခေါင်းကို ခွဲစိပ်မှုလုပ်ရလိမ့်မယ်တဲ့..။"
ထိုအခါယွီပင်းထံမှ သက်ပြင်းချသံက ပြင်းထန်လှသည်။
"ဘယ်လိုဖြစ်ရတာလဲ ကွာ..."အချိန် အားဖြင့် လေးနာရီနီးပါးကြာမြင့်သွားပီဖြစ်
သည်။(အချိန်က ရမ်းပြောတာနော် ကျနော်လဲ
ဘယ်လောက်ကြာတယ် မသိဘူး😁)
ခွဲစိပ်ခန်းတံခါးလဲပွင့်လာပီဖြစ်သည် ။
ကျန်းချန်းနှင့် ယွီပင်းနှစ်ယောက်လုံး ဆရာဝန်အနားသို့ အပြေးအလွှားရောက်လာကြ
သည်။
YOU ARE READING
I HATE LOVE
أدب الهواةU+Z Yizhan "ငါတို့ မချစ်ခဲ့ကြဘူးမဟုတ်လား ။ထွက်သွားခွင့်ပေးလေ.. ဘာအတွက် ငါ့အပေါ် အနိုင်ယူချင်နေသေးတာလဲ? ဝမ်ရိပေါ်...!မင်းအချစ်က ဒီလိုမျိုးဆိုရင်တော့ ငါဒီချစ်ခြင်းမျိုးအလိုမရှိဘူး။ငါအချစ်ကိုမုန်းတယ်.." "ငါတို႔ မခ်စ္ခဲ့ၾကဘူးမဟုတ္လား ။ထြက္သြားခြင့္ေပးေ...