ခန္ဓာကိုယ် အပြောင်းအလဲဖြစ်သွားသော်လည်း
လက်ခံ နားလည်ပေးသည့်ရိပေါ်ကြောင့် ကျောင်အန်းစိတ်သက်သာရာရခဲ့သည်။တစ်ပတ်လေးရက်လောက် ချောင်းပေါက်မတက်လာတက်
သည့် ဥက္ကဌရှောင်းကိုတော့ သူတို့သူဌေးနဲ့
ဝန်ထမ်းတွေကခုထိသက်ာမကင်းပေ။
အမှုကိစ္စညှီနှိုင်းဖို့လာနေသည်ဟုသာ တွေးကြသူ
တွေကလည်းတွေးပေါ့။
မဟုတ်တာတွေ စိတ်ရှိသလို ထင်တိုင်းလျှောက်
ပြောမိရင်လည်း ဘယ်သူဆိုတာမြေလှန်ရှာပြီး
အမှုန့်ချေပစ်မဲ့ ဝမ်ရိပေါ်ကြောင့် ဘာပဲတွေ့တွေ့
ဘာပဲကြားကြား ဒီကိစ္စဒီနေရာမှာတင် ထားခဲ့
ကြရသည်။ရောက်လာပြန်ပီဖြစ်သော ဥက္ကဌရှောင်းကို
ဝန်ထမ်းမိန်းကလေးက ခါးကိုင်း၍နှုတ်ဆက်သည်။
တံခါးတစ်ဆက်ထဲဖွင့်ပေးလိုက်သည်မို့ အရန်သင့်
ဝမ်ရိပေါ် ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။ခေါင်းမဖော်တမ်းစာရင်းတွေ ငုံ့လုပ်နေသည့်
ရိပေါ်က ဖော်ပြစရာမရှိလောက်အောင် တည်ငြိမ်
လွန်းသည်။မေးရိုးထင်းထင်း နှာတံပေါ်ပေါ်နှင့်
ခံ့ညားချင်တိုင်းကို ခံ့ညားနေလေတော့သည်။"ကိုကို.."
ခုံမှာထိုင်နေသည့် ရိပေါ်ကို ရှောင်းကျန့်ဘေးမှာကပ်ရပ်ရင်း မှီထားလိုက်သည်။
ခရစ်စမက် နားနီးနေပီမို့ နှင်းပွင့်များနှင့်အတူ
ရာသီဥတုကလည်းအေးလာနေပီ။အအေးဒဏ်ကို
အပြည့်အဝ ကာကွယ်လာသည့်ရှောင်းကျန့်ကတော့
အဝတ်ပုံထဲလူပျောက်နေသည်။ခေါင်းလုံးလုံးလေး
တစ်ခုသာပေါ်နေလေသည်။ ရိပေါ်ကိုမှီရပ်နေ
ရင်းမှသဘောကျကာ.."ဟီး.."
ဝမ်ရိပေါ် သူလုပ်နေသည့်ဖိုင်တွေကို စု၍ဘေးဖယ်
လိုက်ပီး မှီထားသည့်ရှောင်းကျန့်ကို့ ပွေ့ကာရင်ခွင်
ထဲထည့်ထားလိုက်သည်။ရန်သူ ရန်သူလို့သာ
စိတ်ထဲကအကြိမ်ထောင်ပေါင်းမက ပြောနေပင်မဲ့
အဲလိုရေရွတ်နေချိန်တိုင်း ရှောင်းကျန့်ဟာသူ့ရင်
ခွင်ထဲရောက်နှင့်နေပီသား။ငါမင်းကို အရမ်းမုန်းတယ်လို့ တွေးလိုက်
မိချိန်တိုင်း မှည့်နက်လေးရဲ့ အပြုံးနဲ့ တည့်တည့်တိုး
ရသည့်အခိုက်အတန့် လှုပ်ခါနေမိတဲ့နှလုံးသား
တစ်စုံဟာ အထဲမှာရှိနေတဲ့ ကျောင်အန်းရဲ့
ဝိညာဥ်ကြောင့်ပဲလား အပြင်မှာရှိနေတဲ့ခန္ဓာကိုယ်
ပိုင်ရှင်ရဲ့ညှို့နိုင်စွမ်းလားကို ရိပေါ်မခွဲခြားနိုင်။
YOU ARE READING
I HATE LOVE
FanfictionU+Z Yizhan "ငါတို့ မချစ်ခဲ့ကြဘူးမဟုတ်လား ။ထွက်သွားခွင့်ပေးလေ.. ဘာအတွက် ငါ့အပေါ် အနိုင်ယူချင်နေသေးတာလဲ? ဝမ်ရိပေါ်...!မင်းအချစ်က ဒီလိုမျိုးဆိုရင်တော့ ငါဒီချစ်ခြင်းမျိုးအလိုမရှိဘူး။ငါအချစ်ကိုမုန်းတယ်.." "ငါတို႔ မခ်စ္ခဲ့ၾကဘူးမဟုတ္လား ။ထြက္သြားခြင့္ေပးေ...