I HATE LOVE - 21

840 91 15
                                    

ရိပေါ် ရှောင်းကျန့် အခန်းထဲက ပြန်ထွက်လာတော့
အခန်းဝမှာ စောင့်နေတဲ့လင်းက ရိပေါ်ကိုစိုးရိမ်စွာ
ကြည့်ပြီးမေးတယ်..။

"သူဌေး...အဆင်ပြေရဲ့လား.."

ရိပေါ်က အခန်းတံခါးကို မှီရင်းမျက်လုံးတွေ
မှေးဆင်းကာ အသက်ကို ခပ်မြန်မြန်ရှုနေတယ်..။
ကုတ်အကျီအောက် လျှိုဝင်ထားတဲ့ လက်ကို
ရိပေါ်ပြန်ဖယ်ကြည့်တော့ အနီရင့်ရင့် သွေးများ
ကပ်ပါလာသည်..။

လင်းရိပေါ်ကို စိတ်မချမ်းမြေ့သည့် မျက်လုံးများဖြင့်
ကြည့်မိတယ်..။ခါးမှာ ဒဏ်ရာရှိနေတာ အစကတာ့
လင်းလည်းမသိခဲ့..။ရှောင်းကျန့် သတိလစ်သွားတော့
အစ်ကိုဖန်းကို ဆက်သွယ်ဖို့မှာပြီး သူကိုယ်တိုင်
က​ေ​တာ့ သတိလစ်နေတဲ့ ရှောင်းကျန့်ကို ပွေ့ချီ
ကာ ပြေးထွက်သွားခဲ့သည်လေ..။
နောက်ပိုင်းမှလင်းသိခဲ့တာ ဝမ်ရိပေါ်ရဲ့ ဟန်မဆောင်
နိုင်စွာပျက်ယွင်းလာတဲ့မျက်နှာအနေအထားနဲ့
ခါးနားကနေ ထွက်လာတဲ့သွေးအချို့ကြောင့်
ဒဏ်ရာရှိနေတာသိခဲ့ရတာ..။

"အစ်ကိုဖန်း ပြန်သွားပြီလား..."

"အောက်မှာ စောင့်နေပါတယ်.."

-
-
-
-
-
-
-
-
ရိပေါ်လှေကား ရင်းအနားမှာသာ
ရှိသေးသော်လည်း အစ်ကိုဖန်းက ရိပေါ်ရှိတဲ့
နေရာကို အပြေးအလွှားလျှောက်လာတယ်...။

"ဝမ်ရိပေါ် မင်းလူစိတ်ရှိသေးရဲ့လား..."

အစ်ကိုဖန်းရဲ့ စကားကြောင့် ဝမ်ရိပေါ်ရဲ့ မျက်ခုံး
တွေတွန့်ကွေးသွားတယ်...။

"ဘာဖြစ်လို့လဲ.."

"မင်းဥက္ကဌရှောင်းကို ဘယ်လိုတွေတောင် .."
အကိုဖန်းဆက်ရန် စကားမရှိတော့သည့်ပုံနဲ့
ရိပေါ်ကို စိုက်ကြည့်တယ်..။

*ကျွန်တော်မှားတာ ကျွန်တော်သိပါတယ်...။
ကျွန်တော်လွန်သွားတယ်...။တောင်ပန်ပါတယ်..*

"....."

နောက်ဆုံးတော့ အေးစက်စက်နဲ့ အရှေ့မှာငိုင်
နေတဲ့ရိပေါ်ကိုဆက်မမေးတော့ပဲ လက်လျော့
လိုက်ရတယ်..။

စကားပြောကြမ်းတဲ့ လူတစ်ယောက်ရဲ့
နှလုံးသားက စကားပြောချိုသူရဲ့နှလုံးသားတွေ
ထက်နုတယ်..။
စကားပြောနည်းတဲ့ လူတစ်ယောက်ရဲ့
ရင်ထဲမှာလည်း များစွာသောစကားတွေဟာ
ထုတ်မပြောဖြစ်ခဲ့ပင်မဲ့ များစွာတည်ရှိနေနိုင်တယ်..။
ဒါဆိုရင် မျက်ဝန်းတွေထဲကသာ အဖြေရှာကြည့်
လိုက်ပါ...။ဖတ်တယ်မယ်ဆိုရင်
နားလည်နိုင်မှာပါ..။

I HATE LOVE Where stories live. Discover now