I HATE LOVE - 3

858 52 0
                                    

"ဟုတ်တယ်လေ ယွီပင်းရဲ. ဘာဖြစ်လို့လဲ.."

"ဘာမှ မဟုတ်ပါဘူး.."

ကျောင်အန်း နေရောင်အောက် မှာကြည်လင်
တောက်ပလွန်းနေတဲ့ကောင်းကင်ကြီးကို
မော့ကြည့်လိုက်တယ်။အကိုဘယ်သူလဲ ညီမ မသိ
ပါဘူး..ဒါမဲ့လေ အရမ်းကျေးဇူးတင်ပါတယ်။
အရမ်းလှတဲ့ကောင်းကင်ကြီးကို နောက်တစ်ကြိမ်
မြင်တွေ့ခွင့်ပေးတဲ့အတွက်။ပြီးတော့တောင်းပန်ပါ
တယ်။အကို့ရဲ့ ကိစ္စအချို့ကို ညီမဝင်ရှုပ်မိပီထင်တယ်။
ညီမ ဒီအလုပ်တွေကို မလုပ်တက်လို့ပါ။အစ်ကို့ရဲ့
အမေဆိုတဲ့ တစ်ယောက်ကို တစ်ကြိမ်လောက်
ညီမယုံပေးလိုက်မိတယ်..။

*ကျောင်အန်း မနက်ဖြန်ဆိုရင် ငါမင်းကိုလက်ထပ်
ရတော့မယ်။ငါတို့ရဲ့အနာဂတ်က မနက်ဖြန်ဆိုရင်
စတင်နိုင်ပီ*ကြည်နူးခြင်းများစွာနဲ့ မနက်ဖြန်ဆိုတာ
ကိုတွေးရင်းမိုင်တိုင်များစွာကို ဖြတ်ကျော်ခဲ့တယ်။
သတိမထားမိလိုက်ခင် တဒဂ်လေးမှာပဲ ဒီကြည်နူး
မှုနဲ့ မနက်ဖြန်ဆိုတဲ့လေညှင်းလေးကို အပြီးတိုင်
နှုတ်ဆက်ခဲ့ရတယ်။တင်းကျက်စွာ ဆုပ်ကိုင်မိတဲ့
လက်တစ်စုံဟာပြေလျော့လို့ ငါတို့ရဲ့အနာဂတ်ဟာ
ဝေးလွန်းတဲ့နေရက်တွေဆီကို ပြန်သွားခဲ့တယ်..။

ပါးပြင်ပေါ်လိမ့်ဆင်းလာတဲ့ မျက်ရည်တွေကြောင့်
အရှေ့မှာရှိနေသည့် ယွီပင်းက ရှောင်းကျန့်ပုခုံးကို
ကိုင်လှုပ်ရင်းမေးတယ်။

"ရှောင်းကျန့်.. မင်းအဆင်ပြေရဲ့လား..."

*မပြေဘူး။အရမ်းလွမ်းတယ်..*

ကျောင်အန်း မျက်ရည်တွေကိုခပ်မြန်မြန်သုပ်ရင်း
နီရဲနေတဲ့မျက်လုံးတွေနဲ့ပဲ ပြန်ပြုံးပြလိုက်မိသည်။

"ပြေပါတယ် ဘာမှမဖြစ်ဘူး..ဒါနဲ့လေ.."

"အင်း..ငါဘာလုပ်ပေးရမလဲ.."

"သွားချင်တဲ့နေရာလေးရှိလို့ ညီမကို အဲ..ကျနော်.."

အသုံးအနှုန်းကြောင့် ကြောင်ကြည့်နေတဲ့ယွီပင်း
ရဲ့အမူအယာကြောင့် ကျောင်အန်း အမြန်ပြန်ပြင်ပြောလိုက်သည်။

"ငါ..ငါ့ကို ကားခနလောက်ငှားနိုင်မလား ယွီပင်း.."
အသုံးအနှုန်းမှန်သွား​​တော့ယွီပင်းမျက်နှာက ပုံမှန်
ပြန်ဖြစ်သွားသည်။ခုမှကျောင်အန်းလည်း အသက်ဝ
အောင်ရှုနိုင်တော့သည်။

I HATE LOVE Where stories live. Discover now