I HATE LOVE - 19

776 72 26
                                    

မွေးနေ့မှာ ထူးထူးခြားခြားလေးဖြစ်စေချင်
လို့ အစ်မလုလုဆိုတဲ့တစ်ယောက် ကြိုပြင်ဆင်ပေး
ခဲ့ပင်မဲ့ ရိုးရိုးလေးပဲပြီးဆုံးသွားတယ်..။
ရိပေါ်ပျော်နေရဲ့လားမပျော်ဘူးလားဆိုတာ
ရှောင်းကျန့်လည်းအကဲခက်ကြည့်လို့မရ အေးတိ
အေးစက်နဲ့..။

ညခုနှစ်နာရီလောက်မှာ အစ်ကိုဖန်းဆိုတဲ့တစ်ယောက်ပါရောက်လာခဲ့တယ်..။
အခန်းထဲမှာ အားလုံးနဲ့အတူတူရှိနေတဲ့ရိပေါ်ကို
အခြားတစ်နေရာကို သီးခြားခေါ်သွားတဲ့အစ်ကို
ဖန်းမှာ ကိစ္စတစ်ခုခုရှိနေသလိုပဲ..။
ရှောင်းကျန့် ရိပေါ်ကိုလှမ်းကြည့်မိတယ် ရိပေါ်မသိ
လိုက်ပင်မဲ့ပေါ့..။

"ဘာပြောမလို့လဲ.."

"ရိပေါ်..။ဟိုရက်ပိုင်းလောက်က စစ်ကျွေးလာသေးလား."

"လာတယ်လေ.."

"ဒါဆိုမင်းသိပြီးပြီလား..."

"ဘာကိုသိရမှာလဲ..."

"မင်းကိုသူဘာမှ ပြောမသွားဘူးလား..."

"ကျွန်တော် နားမထောင်ခဲ့တာ..."

"Rose ပြန်လာတော့မယ်...."
(Roseဆိုတာ ရိပေါ်ကို တစ်ဖက်သက်ချစ်ခဲ့တဲ့
သူငယ်ချင်းပါ။Roseကသူ့ကိုချစ်တယ်လို့ ပြောခဲ့တဲ့
အချိန်ကစပြီး ရိပေါ် Roseနဲ့ ခပ်စိမ်းစိမ်းဖြစ်သွားခဲ့
တာ..။နောက်တော့ Roseက မိဘတွေနိုင်ငံခြားကို
ပြောင်းပြီး အခြေချနေတော့ ရိပေါ်နဲ့ပိုအလှမ်းဝေး
သွားခဲ့တယ်..)

"ကျွန်တော်နဲ့ဘာဆိုင်လဲ...."

"ဆိုင်တယ်ရိပေါ်..ငါမကြာသေးခင်ကမှ
သိခဲ့တာ..။မင်းအဖေမင်းကို အမွေတွေပြန်လွှဲပေးဖို့
စီစဥ်နေတယ်..။သူကျန်းမာရေးမကောင်းတာ
မင်းသိတယ်မလား.."

"....."

"မင်းကတစ်ဦးတည်းသောဆက်ခံသူ ဖြစ်နေတဲ့
အတွက် သူမင်းကိုပေးဖို့စီစဥ်နေပြီ။"

"သူကျွန်တော့်ကို အမွေပြတ်စွန့်လွှတ်ပြီးသွား
ပြီလေ..။ဘာမှမဆိုင်တော့ဘူး..."

"ဝမ်မျိုးဆက်ကို ချန်ပေးနိုင်မဲ့သူနဲ့ မင်းကိုအိမ်ထောင်
ချပေးချင်တဲ့သူ့စိတ်ကိုငါနားလည်တယ်..။
ဥက္ကဌရှောင်းက မင်းတို့ဝမ်မျိုးဆက်ကို ချန်ပေးနိုင်
မဲ့သူမဟုတ်တော့ သူမင်းကို စိတ်ဆိုးနေတာ..။
အကယ်၍ မင်းRoseကို လက်ထပ်မယ်ဆိုရင်
မဟုတ်ဘူး မင်းကိုလက်ထပ်ခိုင်းပြီး အမွေလွှဲပေးဖို့
စီစဥ်နေတာ.."

I HATE LOVE Where stories live. Discover now