ကြယ်ရောင်အလင်း မမှိန်မသုန်အောက်မှာ
လူတစ်ယောက်သွေးအလိမ်းလိမ်းနဲ့ ကားလမ်းမကို
ဦးတည်နေတယ်...။
အံကိုလည်း တင်းတင်ကြိတ်ရင်းပေါ့...။
(အဲဒါဟင်နရီပါနော်...)
-
-
-
-
-
-
-
-
*********************************ခြံထဲမှာ မျက်ခင်းပြင်ကျယ်ကြီးနဲ့ ရေပန်းတွေ
အစောင့်တွေ သစ်ပင်အမြင့်ကြီးတွေနဲ့ လမ်းလေးတွေ။ပြီးတော့ နှစ်သက်ကြာနေပြီ
ဖြစ်တဲ့အိမ်ပုံစံ။သို့သော်လည်း တောင့်တင်းခိုင်မာ
နေတုန်းပင်။ခန့်ထည်သော ဂုဏ်ရှိန်ဝါအငွေ့
အသက်တွေက လျော့ပါးမနေ..။တောက်ပနေတုန်း
ပင်..။ဝမ်ရိပေါ်ရဲ့ကား ချိုးကွေ့ဝင်လာပြီး ရပ်လိုက်ရုံ
ရှိသေး တံခါးလာဖွင့်ပေးတဲ့သူနဲ့ အစောင့်နှစ်
ယောက်က ဘေးရောက်လာသည်...။
ဝမ်ရိပေါ် ကားပေါ်ကဆင်းလာတော့
သူ့ဘေးမှာ ပူးကပ်စွာရှိနေတဲ့ အစောင့်နှစ်ယောက်
ကို ခပ်တည်တည်ကြည့်ပြီး"ငါနဲ့ ဝေးဝေးနေ.."
ဝမ်ရိပေါ် စကားကြောင့် အစောင့်တွေက ခြေလှမ်း
ငါးလှမ်းစာအကွာ အဝေးလောက်ရောက်သွား
ကြသည်..။ခပ်တည်တည်မျက်နှာနဲ့ အိမ်ထဲဝင်လာတဲ့ ရိပေါ်
ကိုမြင်တော့ ဝမ်သခင်ကြီးကလည်းမျက်နှာကြော
တင်းတင်းနဲ့သာကြည့်တယ်..။"အကုန်ထွက်.."
ရိပေါ် စကားကြောင့် ဘေးမှာရှိနေတဲ့ အစောင့်
တွေက ဝမ်သခင်ကြီးကိုလှမ်းကြည့်တယ်..။
ဝမ်သခင်ကြီ ခေါင်းငြိမ့်ပြတော့မှ အခန်းထဲကနေ
အကုန်ထွက်သွားကြသည်..။
*ခွေးကောင်း တွေအများကြီးရထားတာပဲ...*
ရိပေါ်စိတ်ထဲကပြောလိုက်မိသည်..။ဝမ်ရိပေါ် ဝမ်သခင်ကြီးကိုခါးကိုင်းပြီးအရိုအသေ
ပေးလိုက်တယ်..။"ထိုင်...."
ရိပေါ် ဝမ်သခင်ကြီးနဲ့မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်
လိုက်တယ်..။"Rose ပြန်လာရင်.."
ဝမ်သခင်ကြီးစကားမဆုံးခင် ဝမ်ရိပေါ်ပြောလိုက်
သည်..။"ရှောင်းကျန့်က ကျွန်တော့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်း
မဟုတ်ဘူး ဘဝတစ်ခုလုံးမို့လို့ အဖေတွေးနေတဲ့
အတွေးတွေကိုရပ်လိုက်ပါ.."
YOU ARE READING
I HATE LOVE
FanficU+Z Yizhan "ငါတို့ မချစ်ခဲ့ကြဘူးမဟုတ်လား ။ထွက်သွားခွင့်ပေးလေ.. ဘာအတွက် ငါ့အပေါ် အနိုင်ယူချင်နေသေးတာလဲ? ဝမ်ရိပေါ်...!မင်းအချစ်က ဒီလိုမျိုးဆိုရင်တော့ ငါဒီချစ်ခြင်းမျိုးအလိုမရှိဘူး။ငါအချစ်ကိုမုန်းတယ်.." "ငါတို႔ မခ်စ္ခဲ့ၾကဘူးမဟုတ္လား ။ထြက္သြားခြင့္ေပးေ...