I HATE LOVE - 10

821 79 2
                                    

ငါတို့ မချစ်ဘဲ ဂရုမစိုက်ဘဲ ဘယ်သူကိုမှအလေး
ထားနေမှာမဟုတ်ခဲ့ဘူး..။
တစ်ခါတစ်လေ တစ်ပါးသူအပေါ် ချစ်လို့ချစ်မိနေမှန်း
တောင် တစ်ချို့က သတိမထားမိခဲ့ကြဘူး...။တစ်ခါ
တစ်လေကျတော့ ချစ်နေမှန်းသိနေပါတယ်..သို့သော်
လည်း မချစ်မိအောင်ကြိုးစားရပြန်ရော..။
အတ္တလေးကြီးချင်ကြီးနေနိုင်တယ်...
တစ်ခါတစ်လေမှာတစ်ကိုယ်ကောင်းဆန်ချင်
ဆန်နေနိုင်မယ်..ဒါပင်မဲ့ နှလုံးသားမှာနေရာတစ်နေ
ရာစာရနေပီဆိုရင်ရော အဲဒီလူရဲ့တုံ့ပြန်မှုက
အတ္တကြီးပြီးတစ်ကိုယ်ကောင်းဆန်နိုင်လေဦးမလား..။
အချစ်ဆိုတဲ့အရာက ဟိုးအရင်ထဲက
ဘယ်သူမှ တစ်မျိုးတည်းနဲ့တိကျတဲ့အဖြေ
ဘယ်သူမှမပေးနိုင်ခဲ့ကြပါဘူး..။
လူတစ်ယောက်ဆီတိုင်းမှာ အချစ်ကတစ်မျိုးဆီကွဲ
ပြားသွားတယ်လေ..။
အချစ်က အိပ်မက်ဆိုးတစ်ခု
အချစ်က အရမ်းကိုလှပတဲ့အရာတစ်ခု
အချစ်က ကြမ်းတမ်းတယ်
အချစ်က ရက်စက်တယ်
မဟုတ်ဘူး အချစ်က နားလည်ရခက်တဲ့ပုစ္ဆာ...။
ဒါဆိုပိုမှန်မယ်။ လွယ်ကူမနေဘူး..။ရိုးရှင်းနေမှာ
လည်းမဟုတ်ဘူးလေ.။

********************************
*ရင်မခုန်သင့်ဘူးဝမ်ရိပေါ်...ရင်မခုန်ပါနဲ့..။
မင်းစိတ်ကြိုက်ကစားပြီးရင် အိမ်ပြန်လွှတ်ရမဲ့
သူတစ်ယောက်ပါ...။ပြီးတော့ မင်းပိုင်ဆိုင်တဲ့
အရာတစ်ခုကို ဖျက်ဆီးခဲ့တဲ့သူ..။ဒါကြောင့်
ရင်မခုန်ပါနဲ့..*

-
-
-
-
-
-
-
"သူဌေး...ဆန်ပြုတ်နဲ့ ရေကျက်အေး ရနေပါပြီ။"

"အင်း..သွားပို့လိုက်လေ..။ထွက်ပြေးမှားဆိုးလို့
ကျနော်ကြိုးချည်းထားခဲ့တယ်..တစ်ခါတည်းတိုက်ခဲ့
လိုက်.."

"ဟုတ်ကဲ့ သူဌေး.."

*********************************

"ပြေစမ်းကွာ...ပြေစမ်း..."
ရှောင်းကျန့် ပြောလည်းပြော ရုန်းလည်းရုန်းနှင့်
ဒေါသထွက်လာသည်မို့ နာတာကို မှုမနေပဲ
ဇွတ်ရုန်းနေမိတော့သည်..။

"ဒေါက်ဒေါက်..ဒေါက်ဒေါက်.."
"သခင်လေး..ဆန်ပြုတ်ယူလာပေးတာပါ..။
ဝင်လာခဲ့ပြီနော်.."

အပြင်က အသံကြောင့် ရှောင်းကျန့်ခနရပ်ခါ
ဝင်လာမည့်သူကိုကြည့်နေလိုက်သည်..။
အသားဖြူဖြူ ခပ်ပြည့်ပြည့် အမျိုးသမီးတစ်
ယောက် အငွေ့တစ်ထောင်းထောင်းဆန်ပြုတ်ပန်း
ကန်ယူ၍ ဝင်လာနေသည်..။အနားရောက်တော့
ဆန်ပြုတ်ပန်းကန်ကို စားပွဲပေါ်အရင်တင်ကာ
လူကို သနားတဲ့အကြည့်နဲ့ ခြေဆုံးခေါင်းဆုံးကြည့်
တော့လေသည်..။

I HATE LOVE Where stories live. Discover now