အဖြူရောင် အဝတ်ပါးစလေးအောက် ငြိမ်သက်
နေသောကောင်လေးတစ်ယောက်။
ဘေးနားတွင် မလှုပ်မယှက်ကြည့်နေသည့် တစ်စုံ
တစ်ယောက်။ဘယ်လောက်ထိနာကျင်
နေမယ်ဆိုတာ ဘယ်သူမှမသိနိုင်။
ပထမအကြိမ် ဒုတိယအကြိမ် နှစ်ကြိမ်လုံး ကံကြမ္မာဟာ
ရက်စက်လွန်းသည်။ပြင်ဆင်ချိန်ပင်မပေး နှလုံး
သားတစ်ခုလုံးကို အစိမ်းလိုက်ဆွဲနုတ်ရသည်ကို
သဘောကျနှစ်သက်နေသည့်ပုံပင်။ဘာကြောင့်များ
လဲ။ရိပေါ် အဝတ်စလေးကို ဖြည်းညင်းစွာဖယ်ချလိုက်သည်။မနက်အထိ
တက်ကြွမှုအပြည့် ရွှင်လန်းနေသည့်မျက်နှာလေး။
ခုချိန်မှာတော့ သွေးမရှိသည့်လူတစ်ယောက်လို။
မနက်ကထိ စကားတွေပြောနေတဲ့ အနီရောင်
နှုတ်ခမ်းဖူးဖူးလေးက ခုတော့သွေးရောင်ပျောက်လို့
အပြုံးတွေမဲ့နေစဲ..။ရိပေါ် ကျောင်းအန်ပြန်လာချိန်မှာ ကျောင်အန်းမှန်း
သိနေသော်လည်း ခန္ဓာကိုယ်မှာ ရှောင်းကျန့်ခန္ဓာ
ကိုယ်ဖြစ်နေတာကြောင့် နမ်းခြင်းမပြုခဲ့။ပိုင်ရှင်
အပေါ် မတရားသလိုဖြစ်စေမှာကို ရိပေါ်တွေးမိ
တာတစ်ကြောင်း ရှောင်းကျန့်ဟာသူ့ရန်သူလို့ တွေး
ထားတာတစ်ကြောင်းကြောင့် နမ်းခြင်းတစ်ကြိမ်ပင်
မပြုခဲ့ပေ။ရိပေါ် နှစ်စခံစားရသည်။လူတစ်
ယောက်တည်းလို့ထင်ရပင်မဲ့ တကယ်တမ်းတော့
ဒီနေ့မှာလူနှစ်ယောက်ကို ဆုံးရှုံးသွားရခြင်းဖြစ်သည်။
ဘာအတွက်ကြောင့်များ ရှောင်းကျန့်အတွက်ပါ
သူ့စိတ်တွေလေးလံနေရလဲ
သူကိုယ်တိုင်လည်းနားမလည်တော့...။
နားလည်အောင်လည်း ကြိုးစားဖြစ်မည်မဟုတ်တော့။ရိပေါ်ရှောင်းကျန့်လက်ကို ဆုပ်ကိုင်ပီး နှဖူးကို
ခပ်ဖွဖွလေးနမ်းရှိုက်လိုက်သည်။နောက်ဆုံး နှုတ်
ဆက်အနမ်း ဖြစ်လေတော့
မျက်ဝန်းထဲက
နာကျင်ခြင်းမျက်ရည်စအချို့က အသိစိတ်
ကင်းနေသော ရှောင်းကျန့်ပါးပေါ် ကြွေခဲ့လေသည်။မွန်းကျပ်သောခံစားချက်။ဟိုးအဝေးက အနက်
ဆုံးသမုဒ္ဒရာအောက်ကနေ အလင်းရောင်ကိုမြင်နိုင်
ဖို့ လေကိုရှုနိုင်ဖို့ ကြိုးစားရုန်းကန်နေရသလိုပဲ။
*အသက်ရှုချင်တယ် ။ငါလေကိုရှုဖို့လိုတယ်..*
YOU ARE READING
I HATE LOVE
FanfictionU+Z Yizhan "ငါတို့ မချစ်ခဲ့ကြဘူးမဟုတ်လား ။ထွက်သွားခွင့်ပေးလေ.. ဘာအတွက် ငါ့အပေါ် အနိုင်ယူချင်နေသေးတာလဲ? ဝမ်ရိပေါ်...!မင်းအချစ်က ဒီလိုမျိုးဆိုရင်တော့ ငါဒီချစ်ခြင်းမျိုးအလိုမရှိဘူး။ငါအချစ်ကိုမုန်းတယ်.." "ငါတို႔ မခ်စ္ခဲ့ၾကဘူးမဟုတ္လား ။ထြက္သြားခြင့္ေပးေ...