ကျန်းချန် ရုံးစောစောဆင်းပီး ယွီပင်းဆီလာခဲ့
လိုက်တယ်။ဘယ်ကတည်းကစောင့် နေမှန်းမသိသည့်ယွီပင်းက အထဲဝင်ခေါ်စရာပင်မလို
အပြင်မှာစောင့်နေသည်။ကျန်းချန် ကားတံခါးဖွင့်ပီး ယွီပင်းကို လှမ်းမေးလိုက်
သည်။
"ယွီပင်း..ဘယ်လိုဖြစ်ပီး အစောကြီး
အောက်မှာဆင်းစောင့်နေတာလဲ..""မင်းလည်း အစောကြီးလာခဲ့တာပဲကို.."
ယွီပင်းစကားပြောရင်း ကားတံခါးဖွင့်ခါ ဘေးတွင်
ဝင်ထိုင်သည်။ကျန်းချန် ငြိမ်ငြိမ်ကျသွားသည့် ယွီပင်းကို
အကဲခတ်နေမိသည်။"မင်းပြောမှာ ဘာပြောမှာလဲ..။*ဘာတွေများ အရေး
ကြီးနေတာမို့လို့လဲ ဆိုသည့်ပုံစံနှင့် ယွီပင်းကို
ကြည့်၍ ကျန်းချန် ကားဆက်မောင်းနေသည်။"ရှောင်းကျန့် အရင်က ရှောင်းကျန့်..."
ယွီပင်းစကားကြောင့် ကျန်းချန် ယွီပင်းကိုလှမ်း
ကြည့်သည်။"ဒီနေ့ပုံမှန်မဟုတ်တာ တော်တော်များများ ငါသတိ
ထားမိတယ်ကျန်းချန်။မင်းတွေးကြည့်..။"ကျန်းချန်အမူအယာက ခုထိတော့သိပ်စိတ်မဝင်
စားသေးပေ။ဘာလို့ဆို ရှောင်းကျန့်ပုံမှန် မဟုတ်ပဲ
လုပ်ချင်ရာတွေလုပ်နေတာ သူသိသည်မို့..။
အင်းတစ်လုံးပြန်ဖြေရင်းသာ ယွီပင်းစကားကို
နားထောင်နေသည်။"ဒီနေ့ အမကြီးကျောက် ကုမ္ပဏီကိုလာတယ်..."
"ဘာ...!!!!!"
အသံကျယ်ကြီးတစ်ခု ထွက်လာပီး ကျန်းချန်ရဲ့
မောင်းလက်စကားပါ ထိုးရက်သွားသည်..။"မင်းဘာပြောလိုက်တယ်။သူဘယ်လိုမျက်နှာနဲ့
လာရဲသေးတာလဲ..""မင်းသိရဲ့လား ဒီမှာကားရပ်လို့မရဘူး..."
ကျန်းချန် ယွီပင်းကို ဘာမှထပ်မပြောပဲ
ကားစက်ပြန်နှိုးခါ မောင်းထွက်လာခဲ့သည်။
-
-
-
-
-
-
" မင်းပြောသလို ဆိုရင် ရှောင်းကျန့်က ဒီမိန်းမကြီး
ကိုပါမေ့ပီး ရန်ညှိုးမရှိတဲ့သူတွေလို ပြေလည်နေတယ်ပေါ့..""ဟုတ်တယ်..။ဒါစိုးရိမ်စရာကွ...သူမမှတ်မိတာကို
အခွင့်ကောင်းယူလိမ့်မယ်ဆိုတာ ငါသိနေတယ်။
ပြီးတော့ သူသိမ်းသွားတဲ့စာချုပ်က ဘာလဲဆိုတာ
ငါဒွီဟ ဖြစ်နေတယ်.."
YOU ARE READING
I HATE LOVE
FanfictionU+Z Yizhan "ငါတို့ မချစ်ခဲ့ကြဘူးမဟုတ်လား ။ထွက်သွားခွင့်ပေးလေ.. ဘာအတွက် ငါ့အပေါ် အနိုင်ယူချင်နေသေးတာလဲ? ဝမ်ရိပေါ်...!မင်းအချစ်က ဒီလိုမျိုးဆိုရင်တော့ ငါဒီချစ်ခြင်းမျိုးအလိုမရှိဘူး။ငါအချစ်ကိုမုန်းတယ်.." "ငါတို႔ မခ်စ္ခဲ့ၾကဘူးမဟုတ္လား ။ထြက္သြားခြင့္ေပးေ...