I HATE LOVE - 7

729 54 2
                                    

တိတ်ဆိတ်နေတဲ့ အခန်းလေးထဲ ကုပ်ကုပ်လေးထိုင်
ကာစာရေးနေသည့် ကျောင်အန်း။အမြင်မှာတော့
ရှောင်းကျန့်ပေါ့လေ။အခန်းတံခါးဖွင့်ထားတာ
ကြောင့် ကျန်းချန် အခန်းထဲ ဝင်လာခဲ့
လိုက်သည်။

"ဘာတွေရေးနေတာလဲ.."

ရုတ်တရက်မို့လန့်သွားသည့် ရှောင်းကျန့် လန့်သွား
တာလားမသိတုန်တောင်တက်သွားသေးသည်။

"ဟားးး..ကျန်းချန် အသံလေးဘာလေးမပေးဘူး.."

သူ့ရေးလက်စ စာအုပ်ကိုလည်းပြာပြာသလဲ
သိမ်းနေတော့သည်။ကျန်းချန် ရှောင်းကျန့်လုပ်နေပုံ
ကို မျက်ခုံးကျုံ့ကာကြည့်နေမိသည်။

"ဘာတွေရေးနေတာမို့လို့ အဲလောက်ဖြစ်နေတာလဲ"

"ငါဘာငါဘာရေးရေးပေါ့ကွာ...သွားသွား..အပြင်
ထွက်.."

ရှောင်းကျန့်အခန်းထဲကနေ ကျန်းချန်ကို တွန်းရင်း
သူပါအပြင်ထွက်လာခဲ့သည်။

"ဒါနဲ့ အစောကြီးရှိသေးတယ် ဘာလို့ပြန်လာတာလဲ.."

"ငါစုံစမ်းစရာရှိလို့ နေ့တစ်ဝက်ခွင့်ယူလာတာ။
ပြီးရင်အပြင်သွားရမှာ အကျီပြန်လာလဲတာ.."

ရှောင်းကျန့်ခေါင်းငြိမ့်ပြလိုက်သည်။ကျန်းချန်
ရှောင်းကျန့်ကို ခြေဆုံးခေါင်းဆုံးကြည့်၍
"မင်း...အပြင်သွားမှာလား.."

"အင်း..ငါလည်းသွားစရာရှိတယ်.."

"သွားသွား..အဲဒါဆိုလည်း နောက်မကျနဲ့.."

ရှောင်းကျန့် ကျန်းချန်ကို လှည့်ကြည့်လှည့်နှင့်
ထွက်သွားသည်။တစ်ခုခုကိုစိတ်မချဖြစ်နေသည့်
ပုံစံမျိုးနှင့်။ကျန်းချန်လည်း ရိပ်မိပါသည် သူဘာကို
စိတ်မချဘူးဆိုတာ။ကျန်ချန် ဘာပဲဖြစ်ဖြစ်ထိုစာ
အုပ်ကိုယူဖတ်ရန် တွေးထားသည်။တစ်ခုခုတော့
တစ်ခုခုပဲဆိုတာ စိတ်ကအလိုလိုသိနေသည်။
အပြင်ထွက်ဖို့လုပ်ပီးကာမှာ ပြန်ဝင်လာသည့်ရှောင်း
ကျန့်ကြောင့် ကျန်းချန်ဦးတည်ရာခြေလှမ်း
ပြောင်းလိုက်ရသည်။

"တော်ပီ..ငါဒီနေ့မသွားတော့ဘူး. .."
ပြောလည်းပြော အခန်းထဲတန်းဝင်သွားသည့်
ရှောင်းကျန့်က လုံးလုံး လုံးလုံးနှင့်။ခုနောက်ပိုင်း
ရှောင်းကျန့် ဝတ်စားဆင်ယင်ပုံကအစပြောင်း
လဲသွားသည်။အရင်ကဆို ဝတ်စုံအပြည့်နဲ့ တည်လိုက်တာမှသူ့အပြင်မရှိ အေးတိအေးစက်နဲ့
ဘယ်မိန်းကလေးမှအရောမဝင်။ခုဝတ်စားဆင်ယင်
ပုံက ချစ်စရာကောင်းသော်လည်း တစ်ခါတစ်လေ
အဝတ်ပုံထဲလူကိုမနည်းဖြဲရှာရတက်သည်။
ခုလည်းအဝတ်အထပ်ထပ်နဲ့ လုံးလုံးလေး ဖြစ်နေ
ပြန်ပြီ။

I HATE LOVE Where stories live. Discover now