I HATE LOVE - 23

802 65 23
                                    

မျက်နှာကျပ်ဖြူဖြူ နံရံဖြူဖြူ တစ်ယောက်အိပ်
ကုတင်နဲ့ ပိုးသတ်ဆေးနံ့။ဟုတ်ပါသည် ဒါဟာဆေး
ရုံကြီးတစ်ခု၏ အခန်းငယ်လေးအတွင်းပါဝင်သော
အစိပ်အပိုင်းတွေ။

မျက်နှာပေါ်တွင် အပ်ချရာမရှိလောက်အောင်ကပ်
ထားရတဲ့ ပလာစတာတွေကြောင့် ဘယ်သူဆိုတာ
ခွဲရဖို့က ခက်ခဲသွားလောက်သည်ထိ။တစ်ကိုယ်လုံး
လည်းပတ်တီးအဖွေးသားနဲ့ ကုတင်ပေါ်လှဲနေရ
သူက ဟင်နရီ...။

"နိုးလာပြီလား..."

အပြီအပြင်ကို ရုပ်ဖျက်ထားသည့် အမျိုးသမီး
တစ်ယောက် မာဖလာကို ခေါင်းပါလုံအောင်အုပ်
ပြီး မျက်လုံးနေရာသာဖော်ထားသည်။ထို့အပြင်
မျက်မှန်ပါ တပ်ထားတော့ ဘာမှကို မမြင်ရတော့။
ကုတ်အကျီ ဖားဖားကြီးဝတ်ပြီး ဘေးထိုင်နေသည့်
အမျိုးသမီးကို ဟင်နရီမနည်းပုံဖမ်းယူနေရ၏။

"ဘယ်လိုဖြစ်ရတာလဲ.."

"ဘယ်သူများလဲလို့..။ခင်ဗျားဘယ်တွေ ပျောက်နေ
တာလဲ.."

"သတင်းတွေမကြားလို့မေးနေတာလား.."

အစ်မကြီးကျောက်က ဟင်နရီကို စိတ်မကြည်သည့်
လေသံနဲ့ပြန်ပြောသည်..။

"ကျွန်တော် မကျေနပ်ဘူး.."

"မကျေနပ်တော့ရောဘာလုပ်နိုင်မှာလဲ..။
ငါအချိန်သိပ်မရဘူး ဟိုရှေ့နေအရူးက ငါ့ကိုဝရမ်း
ထုတ်ပြီးရှာနေတာ..။ငါငွေရတာနဲ့ ဒီကထွက်သွား
တော့မယ်..နင်ဘယ်နေ့ဆေးရုံဆင်းမှာလဲ.."

"အဲကောင်ကို ပြန်လုပ်ပြီးမှ.."

"ဘယ်ကောင်လဲ.."

"ဝမ်ရိပေါ်ဆိုတဲ့ကောင်..."

ဝမ်ရိပေါ်ဆိုတဲ့ နာမည်ကြားတော့ အစ်မကြီးကျောက်
က တစ်ဟားဟားနဲ့ကို လှောင်ရယ်တော့သည်..။

"နင်လောက်အဆင့်လေးနဲ့ သူ့ကိုပြန်လုပ်နိုင်မယ်
ထင်နေလား.."
ထိုအခါ ဟင်နရီက ကောက်ကျစ်စွာပြုံးတယ်..။

"သူ့ကိုတော့ တိုက်ရိုက်မဟုတ်ဘူးပေါ့..။
တိုက်ရိုက် လုပ်ရမှာထက်ပိုနာကျင်စေမဲ့
နည်းရှိတယ်..။ကျွန်တော့်ကို ကူညီ.."

"ငါ့အတွက်အကျိုးအမြတ်က ဘာလဲ..။
အကျိုးအမြတ်မရှိဘဲ မလုပ်နိုင်ဘူး..။ငါက အခုချိန်
ဝရမ်းပြေးပဲ မိတာနဲ့ငါ့ဘဝဆုံးပြီ.."

I HATE LOVE Where stories live. Discover now