တိတ်ဆိတ်နေတဲ့ အခန်းငယ်လေးထဲ သောက်သုံး
သူမဲ့နေသော ကော်ဖီနှစ်ခွက် ။စာရွက် လှန်သံမှ
အခြား မည်သည့် အသံမှရှိမနေခဲ့..။"နားလည်ပြီလား ယွီပင်း.."
ကျန်းချန် အမေးကို ယွီပင်းခေါင်းငြိမ့်ပြလိုက်သည်။"ငါနားလည်ပြီ။ငါ ကျောင်အန်းကိုသွားတွေ့ရမယ်။
ဘာပဲဖြစ်ဖြစ် ကွာရှင်းခိုင်းရမယ်..။ရှောင်းကျန့်က
သူ့ကြောင့် ထိခိုက်နစ်နာမှုတော်တော်များနေပြီ..။""ငါဒီမဂ်လာပွဲကို သဘောထားကြီးကြီးထားပြီး
ခွင့်ပြုခဲ့တယ်လို့ ထင်နေတာလား..။ငါတားခဲ့တာပဲ။
ဝမ်ရိပေါ်က ထင်သလောက်ရိုးရှင်းနေတဲ့သူမဟုတ်
သလိုကျောင်အန်းက လည်းကွာရှင်းမှာမဟုတ်ဘူး..""ဒါသူ့ခန္ဓာကိုယ် မဟုတ်ဘူးလေ..။ငါတို့သွားတွေ့
သင့်တယ်..""ငါမသွားချင်ဘူး။အကယ်၍ ငါသွားပြီဆိုလည်း
ရှောင်းကျန့်ကိုပါ ပြန်ခေါ်လာနိုင်မှသွားချင်တယ်။
ငါရှောင်းကျန့်မှာ ဘာအပြစ်မှမရှိဘူးဆိုတာ ပြချင်တယ်
ပြီးတော့ကုမ္ပဏီကိစ္စနဲ့ပတ်သက်ပြီး ရှောင်းကျန့်အတွက်
ငါအစ်မကြီးကျောက်ကို ရအောင်ဖမ်းမယ်..။
ပြီးတော့ ငါကျောင်းအန်းနဲ့ စကားပြောရင်
ဒေါသထွက်မိမှာ မသွားဘူး..""သွားမယ်ကျန်းချန် သွားရမယ်ငါ
အခြေအနေတွေပုံမှန်မဖြစ်မချင်းငါမပြန်မသွားဘူး
နှစ်ပေါင်းများစွာ ကြာမယ်ဆိုရင်တောင် ဒီပြဿနာကို
ရအောင်ဖြေရှင်းရမယ်။ဝမ်ရိပေါ် နဲ့ စကားပြော
ကြည့်မယ် ကျောင်အန်းကိုလည်းဖြောင်းဖျမယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရှောင်းကျန့်ပြန်လာမယ်ဆိုတာ
ငါယုံတယ်..။ငါပြန်ရောက်ပြီပဲ ငါတို့နှစ်ယောက်
ကြိုးစားကြည့်မယ်လေ.."ကျန်းချန် ယုံကြည်ချက်ပြည့်လွန်းနေသည့် ယွီပင်း
ကို မျက်မှောင်ကျုံ့ကာလှမ်းကြည့်ရင်း
ပြံုးသည်..။***********************************
"ရိပေါ် မင်းနေမကောင်းဘူးလား..."
အိမ်ထဲသို့ အပြေးအလွှားဝင်လာကာ နှဖူးလိုက်စမ်း
နေသည့် အကိုဖန်းကြောင့် ရိပေါ် ရှောင်လိုက်သည်။
YOU ARE READING
I HATE LOVE
FanfictionU+Z Yizhan "ငါတို့ မချစ်ခဲ့ကြဘူးမဟုတ်လား ။ထွက်သွားခွင့်ပေးလေ.. ဘာအတွက် ငါ့အပေါ် အနိုင်ယူချင်နေသေးတာလဲ? ဝမ်ရိပေါ်...!မင်းအချစ်က ဒီလိုမျိုးဆိုရင်တော့ ငါဒီချစ်ခြင်းမျိုးအလိုမရှိဘူး။ငါအချစ်ကိုမုန်းတယ်.." "ငါတို႔ မခ်စ္ခဲ့ၾကဘူးမဟုတ္လား ။ထြက္သြားခြင့္ေပးေ...