I HATE LOVE -20

717 91 14
                                    

တစ်ဆစ်ဆစ်နဲ့ ထိုးကိုက်နေတဲ့ခေါင်းကြောင့်
ရှောင်းကျန့်မျက်နှာရှုံမဲ့နေသည်...။
မျက်လုံးတွေကို အားယူပြီးဖွင့်ကြည့်တော့ အခန်း
ထဲမှာမဟုတ် မနေ့ညက ရိပေါ်သောင်းကျန်းခဲ့
သည့် ဆိုဖာပေါ်မှာသာ..။
ဘေးဘက်ကို လှမ်းကြည့်တော့ အရင်လို အလုပ်
သမားတွေရှိမနေ တိတ်ဆိတ်လွန်းနေသည်...။
အောက်ပိုင်းတစ်ခုလုံးက မလှုပ်ချင်လောက်
အောင်နာကျင်နေပင်မဲ့ ရှောင်းကျန့် အခန်းထဲပြန်
ဖို့အားယူထလိုက်သည်..။

မနေ့က အထင်မလွဲသင့်ဘဲလွဲသွားတဲ့ ဖြစ်ရပ်ကို
ပြန်တွေးမိတော့ အသက်ရှုတောင်ကျပ်ချင်
သလိုဖြစ်သွားသည်..။

ပုံမှန်တိုင်းသာဆို လွယ်ကူကောင်းလွယ်ကူနေ နိုင်ပင်
မဲ့ ခုအခြေနေက ရှောင်းကျန့်အတွက် ခြေတစ်လှမ်း
လှမ်းဖို့က အနိုင်နိုင်..။နာကျင်ပင်မဲ့ အားယူကာ
ခြေလှမ်းလှမ်းလိုက်တော့

"အား.အာ့အား..ကျစ်.."
ရှောင်းကျန့်လှမ်းလို့မရ လဲကျသွားသည်..။

ထိုအချိန် အနားရောက်လာတဲ့ လင်းက ရှောင်းကျန့်
ခန္ဓာကိုယ်ကို လှမ်းထိန်းသည်..။

"သခင်လေး ရရဲ့လား..."

"အင်း..အင်းရတယ်..။အခန်းထဲသွားမလို့
ငါ့ကို တွဲပေးနိုင်မလား.."

ရှောင်းကျန့် စကားပြောရင်းလင်းကို ကြည့်မိတော့
အနက်ရောင်ကုတ် အကျီအောင်က အဖြူရောင်
အကျီပေါ် သွေးတွေးစွန်းနေတာကို မြင်လိုက်ရ
သည်..။

"လင်း..ဒါဘာတွေလဲ..."

လင်းက ဖြေရန်စကားပျောက်နေသည့် လူတစ်
ယောက်နှယ် မျက်လုံးတွေက ဟိုကြည့်သည်ကြည့်
တွေ ဖြစ်ကုန်သည်..။

လွန်ခဲ့သော နာရီအနည်းငယ်က....။

ညသန်းခေါင် အပြင်ပြန်ထွက်သွားတဲ့ ဝမ်ရိပေါ်က
မိုးလင်းခါနီး ပြန်လာတော့
လူရုပ်မပေါက်လောက်အောင်
ထိုးနှပ်ခံထားရတဲ့ နိုင်ငံခြားသားတစ်ယောက်ကို
ဆွဲခေါ်လာတယ်..။

မြေအောက်ခန်းဘက်ကို ဦးတည်နေတာမို့
လင်းရိပေါ်နောက်ကပါလာခဲ့ရသည်..။

"လင်း..အဲ့ခွေးသူတောင်းစားကို ဆူးပါတဲ့ကြိုးနဲ့
တင်းနေအောင်ချည်ထားလိုက်..."

I HATE LOVE Where stories live. Discover now