ရိပေါ် ရှောင်းကျန့်ကို
ပင်ပန်းမဲ့ပုံစံမျိုးနဲ့ ခြိမ်းခြောက်
ထားပင်မဲ့ တကယ်တမ်းကျတော့
သူဘာခိုင်းလို့ခိုင်း
ရမှန်းမသိ..။*မနေ့ကလိုပဲ မျက်စိရှေ့တွေ့တာ
ခိုင်းလိုက်ရမလား..*ဝမ်ရိပေါ် ခြံထဲဆင်းလာတော့ ဘေးကနေ
ရှောင်းကျန့်လည်းကပ်ပါလာသည်...။
တူတူ လျှောက်
နေရင်းကနေ အရှေ့ကို ခပ်သွက်သွက်လျှောက်
သွားတဲ့ရိပေါ်ကြောင့်
ရှောင်းကျန့် ရိပေါ်ဘာလုပ်
မလဲစောင့် ကြည့်လိုက်တယ်..။
ခြံထဲက သစ်ရွက်အကြွေတွေကို တံမြက်စည်း
တစ်ချောင်းနဲ့ လှည်းနေတဲ့ အလုပ်သမားကို
သွားဖို့ပြောပြီး တံမြက်စည်းယူကာ သူ့ဆီပြန်
လျှောက်လာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်
သက်ပြင်းချလိုက်မိတယ်..။သူသိတာပေါ့ ဘာလုပ်
တော့မယ်ဆိုတာ..။" တံမြတ်စည်းလှဲရမယ်
သစ်ရွက်အကြွေတွေ
အမှိုက်တွေကျန်နေခဲ့ရင် ခင်ဗျားကိုအပြစ်ပေးမယ်.."ခပ်တည်တည်ရုပ်ကြီးနဲ့ တံမြက်စည်းပေးရင်း
စကားပြောနေသည့် ရိပေါ်က ခုနက ရှောင်းကျန့်
မပတ်သက်ဖို့ ပြောခဲ့တဲ့စကားကို စိတ်ခုနေတုန်း
ထင်သည် ဆူပုတ်နေသည်..။
ရှောင်းကျန့်လည်း အခြေအနေကို
ရိပ်စားမိသည်မို့ ပြောချင်တဲ့စကား ရှိပင်မဲ့ပြန်မျိုချ
ရင်း ရိပေါ်လက်ထဲက တံမြတ်စည်းကို လှမ်းယူသည်။
သို့သော် မလွှတ်ပေးသည့် ရိပေါ်ကြောင့်.."လွှတ်လေ.."
"တစ်နာရီ..။အချိန်တစ်နာရီ အတွင်းပြီးအောင်လုပ်.."
"ဟမ် မင်းခြံကဒီလောက်အကျယ်ကြီး.. ။
သစ်ရွက်အကြွေတွေ အမှိုက်တွေ ကျန်နေခဲ့ရင်လည်း အပြစ်ပေးဦးမယ်..။
အချိန်ကမနည်းလွန်းဘူးလား...""မေ့သွားပြီလား..။ကျုပ်ဘာပြောထားလဲ.."
"အေးပါ..မင်းစိတ်ကြိုက် မင်းသဘောပဲ.."
ရှောင်းကျန့် ရိပေါ်ကို မျက်ခုံးတွေတွန့်ကျိုးနေ့သည့်
အကြည့်နဲ့ ကြည်ပြီးထွက်သွားတယ်..။*ငါ့ကို တော်တော်နိုင်ချင်တာပဲလား ဝမ်ရိပေါ်..*
*အလုပ်သမားအဖြစ်မနေတော့ဘူးလို့ မပြောပြော
လာအောင် ကျုပ်လုပ်မှာ..။ခင်ဗျားကို ပင်ပန်းစေ
လို့ စိတိမကောင်းဘူးရှောင်းကျန့်..။
ကျုပ်ဘေးမှာ ကျုပ်ကိုပိုင်တဲ့တစ်ဦးတည်းသော
သူအဖြစ်ထားချင်တယ်..။ကျွန်တော် ခင်ဗျားကို
အတင်းလက်ထပ်ထားသလို စကားတွေမပါဘဲနဲ့
ပေါ့.."
YOU ARE READING
I HATE LOVE
FanficU+Z Yizhan "ငါတို့ မချစ်ခဲ့ကြဘူးမဟုတ်လား ။ထွက်သွားခွင့်ပေးလေ.. ဘာအတွက် ငါ့အပေါ် အနိုင်ယူချင်နေသေးတာလဲ? ဝမ်ရိပေါ်...!မင်းအချစ်က ဒီလိုမျိုးဆိုရင်တော့ ငါဒီချစ်ခြင်းမျိုးအလိုမရှိဘူး။ငါအချစ်ကိုမုန်းတယ်.." "ငါတို႔ မခ်စ္ခဲ့ၾကဘူးမဟုတ္လား ။ထြက္သြားခြင့္ေပးေ...