ရှောင်းကျန့်နဲ့ ရိပေါ်ဘေးချင်း ကပ်ယှဥ်ထိုင်နေကြ
သော်လည်း ဘာစကားမှမပြောဖြစ်ကြ ။နှစ်ယောက်
သားရဲ့ ကြားခံနယ်က အေးဆေး တိတ်ဆိတ်လွန်း
နေသည်..။ရိပေါ်က ကားကိုသာ အာရုံစိုက်မောင်း
နေပြီး ရှောင်းကျန့် ကတော့ အပြင်ကိုသာ ငေးနေ
သည်..။တစ်ချက်တစ်ချက်တော့ရှောင်းကျန့်က ရိ
ပေါ်ကို လှမ်းလှမ်းကြည့်တက်၏..။မလျော့မတင်း မျက်နှာနဲ့ ကား မောင်းနေတဲ့
ရိပေါ်ကြောင့် ရှောင်းကျန့်ဖြစ်လာမဲ့ အခြေအနေကို
မှန်းဆလို့မရဖြစ်နေသည်..။ဖြစ်နိုင်လျှင် သူရိပေါ်နဲ့
အတိုက်အခံ မဖြစ်ချင်ပါ..။ရန်ဖြစ်ချင်စိတ်လဲမရှိ..။
သက်ပြင်းလေးသာခိုးချရင်း ရှောင်းကျန့်အပြင်ကို
သာဆက်ငေးမိတယ်..။သူ့ကို တစ်ချက်တစ်ချက် လှမ်းကြည့်နေသည့်
ရှောင်းကျန့်ကြောင့် ရိပေါ်သူ့ရင်ထဲကကြည်နူးမှု
တွေနဲ့ ပျော်နေမိတယ်..။ဖြစ်နိုင်မယ်ဆိုရင်
ရှောင်းကျန့် မျက်လုံးထဲမှာ သူ့တစ်ယောက်ထဲကို
သာမြင်နေရစေချင်သည်ထိ သူအတ္တကြီးမိသည်..။မနက်ကပဲထွက်ပြေးလာခဲ့ပြီး နေ့တစ်ဝက် မကျိုးခင်
ပြန်ရောက်လာရပြန်သည့် အဖြစ်ကြောင့် ရှောင်းကျန့် ထွက်မပြေးခဲ့မိရင်တောင်ကောင်းသား
လို့တွေးလိုက်မိတယ်..။ရိပေါ် ကားပေါ်ကဆင်းသွားသော်လည်း ရှောင်းကျန့်
မဆင်းဖြစ်သေး ခါးပတ်တောင်မဖြုတ်ရသေးသည့်
အခြေနေ..။ထိုအချိန် ကားတံခါးဆွဲဖွင့်လိုက်တဲ့ရိပေါ်
ကြောင့် ရှောင်းကျန့်က ကားထဲကနေရိပေါ်ကိုလှမ်း
ကြည့်တယ်..။"ကားထဲမှာပဲ နေတော့မလို့လား...။ဆင်း..."
ထိုအခါ ရှောင်းကျန့် အနည်းငယ်ဆူပုတ်နေတဲ့
မျက်နှာနဲ့ပြန်ဖြေတယ်..။"မဆင်းဘူး..."
ရှောင်းကျန့်ရဲ့ ပေကပ်ကပ်လုပ်နေတဲ့အမူရာကြောင့်
ရိပေါ် နည်းနည်းတော့ရယ်ချင်သွားတယ်..။*ရုပ်တည်ကြီးနဲ့ ကလေးဆန်နေတာပဲ..*
"မဆင်းလိုရမလား..။အိမ်ရောက်နေပြီလေ.."
"မဆင်းဘူး..။ငါဆင်းလိုက်လို့ အိမ်ထဲရောက်ရင်
မင်းက ငါ့ခြေထောက်တွေရိုက်ချိုးရင်ချိုးနေမှာ..။
ငါကားထဲမှာပဲနေမယ်.."

YOU ARE READING
I HATE LOVE
Hayran KurguU+Z Yizhan "ငါတို့ မချစ်ခဲ့ကြဘူးမဟုတ်လား ။ထွက်သွားခွင့်ပေးလေ.. ဘာအတွက် ငါ့အပေါ် အနိုင်ယူချင်နေသေးတာလဲ? ဝမ်ရိပေါ်...!မင်းအချစ်က ဒီလိုမျိုးဆိုရင်တော့ ငါဒီချစ်ခြင်းမျိုးအလိုမရှိဘူး။ငါအချစ်ကိုမုန်းတယ်.." "ငါတို႔ မခ်စ္ခဲ့ၾကဘူးမဟုတ္လား ။ထြက္သြားခြင့္ေပးေ...