နေဝင်လိုက်မိုးချုပ်လိုက် ကြယ်တွေကြွေလိုက်
မိုးတွေရွာလိုက်နဲ့ စက္ကန့်တွေဟာလည်း ရွေ့လျားစဲ။
နေ့မှလသို့ ကူးလာခဲ့ပြီ။ရှောင်းကျန့်ဟာလဲ
လူကောင်းတစ်ယောက်ကဲ့သို့ ပြန်လည်ကောင်းမွန်
လာခဲ့ပြီ။ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်သတိရတဲ့
နေ့ကသာ လာသောင်းကျန်းခဲ့ပီး နောက်တစ်ကြိမ်
တော့ထပ်မလာခဲ့ပေ။ရှောင်းကျန့် အိမ်ပြန်ရောက်တာလည်း တစ်လလောက်တော့ရှိခဲ့ပြီ။လူကောင်းတစ်ယောက်လို ကျန်းမာရေးကောင်းမွန်
နေသော်လည်း ခုထိ ပုံမှန်မဖြစ်သေးတာက တော့
ဝမ်ရိပေါ် တစ်ယောက်ကိုသာ မှတ်မိနေသော
မှတ်ညဏ်။အလုပ်မှအလုပ် အလုပ်လောဘကြီးလွန်းသည့်
ရှောင်းကျန့် အလုပ်အကြောင်းကို တစ်ခွန်းလေး
မျှပင်မမေး။
*အေးပေါ့လေ သူမှ အကုန်မမှတ်မိသေးတာပဲ*
ကျန်းချန် သူ့ရဲ့ဟိုရောက်သည်ရောက် အတွေးကို
ဆက်မတွေးပဲ။ရှောင်းကျန့် ကိုလှမ်းကြည့်လိုက်သည်။ရှောင်းကျန့်ဟာ အရင်ကနဲ့မတူတော့တာကိုတော့
အနီးကပ်နေကြသည့် ကျန်းချန်နဲ့ယွီပင်း နှစ်ယောက်
လုံးရိပ်မိကြသည်။သို့သော် ဘာမှမတက်နိုင်။
အသက်မသေခဲ့တာကိုပဲ ကျေးဇူးကြံဖန်တင်နေကြရ
သည်။မိန်းကလေးပစ္စည်းတွေကို သဘောကျနှစ်သက်
လာသည့်ရှောင်းကျန့် အရင်ကထက်ပို ချစ်စရာ
ကောင်းလာသည်မှာတော့ မြင်တဲ့သူတိုင်း သတိထား
မိနိုင်သည် လူကြီးဆန်ဆန် တည်ငြိမ်လွန်းသည့်
ကိုယ်တော်က ခုလိုကလေးဆန်နေတော့လည်း ကလေးလိုပင် ချစ်စရာကောင်းနေပြန်သည်။ရှောင်းကျန့် အရှေ့မှာရှိနေသည့် နှုတ်ခမ်းနီ တစ်ရောင်ချင်းဆီကို လက်ခုံမှာ တင်၍ အရောင်စမ်းနေသည်။ လုပ်ချင်တာလုပ်ရ ၍
ကျေနပ်နေသည်ဟန်။
ကျန်းချန် ရှောင်းကျန့်ကို မျက်မှောင်ကျုံ့၍ ကြည့်မိ
သည်။*ရှောင်းကျန့်လား...ဒါတွေလုပ်တက်မှာ။တစ်ခုခု
တော့လွဲတာသေချာနေပီ ။ပီးတော့ ဝမ်ရိပေါ်...*"ဟွန့်..ဒီအရောင်တွေ တစ်ရောင်မှလည်းမလှဘူး.."
ရှောင်းကျန့် ကျန်းချန်ကိုလှမ်းကြည့်လိုက်သည်။
ကျောင်အန်း သတိရလာသည့်နေ့ကတည်းက
ကျန်းချန် မသက်ာနေတာကို သိပါသည်။
ခုလည်း မျက်မှောင်ကျုံ့လျက်ကြည့်နေပြန်သည်။
အမှန်တိုင်းပြောပြလိုက်ချင်သော်လည်း ယုံပါ့မလား
ဆိုသည့်စိတ်က ကျောင်းအန်းအပေါ်ကြီးစိုးနေသည်။
ခန္ဓာကိုယ် ပိုင်ရှင်အစစ် ဘယ်မှာလဲ။တစ်ချိန်ပြန်ပေးရမှာလားဆိုတာကိုလည်း ကျောင်အန်းမသိ။ဒါဟာ ခဏတာဖြစ်နိုင်တယ်ဆို
တာတော့ ကျောင်အန်းသိနေသည်။ပိုင်ရှင်ပြန်မလာ
သေးခင် သူမရိပေါ်အနားမှာခနလောက်တော့
ပြန်နေချင်သေးသည်။အမှတ်တရအချို့ ကိုသိမ်းပြီး
နောက်ဆုံးချိန်အတွက် နောင်တကင်းစွာ ပြုံးပြုံးလေးပဲ နှုတ်ဆက်ချင်သည်။ရိပေါ်ကရော
ဒီလက်ခံကိုယ်နဲ့ မှတ်မိပါ့မလား။လက်ခံပါဦးမလား။
YOU ARE READING
I HATE LOVE
FanfictionU+Z Yizhan "ငါတို့ မချစ်ခဲ့ကြဘူးမဟုတ်လား ။ထွက်သွားခွင့်ပေးလေ.. ဘာအတွက် ငါ့အပေါ် အနိုင်ယူချင်နေသေးတာလဲ? ဝမ်ရိပေါ်...!မင်းအချစ်က ဒီလိုမျိုးဆိုရင်တော့ ငါဒီချစ်ခြင်းမျိုးအလိုမရှိဘူး။ငါအချစ်ကိုမုန်းတယ်.." "ငါတို႔ မခ်စ္ခဲ့ၾကဘူးမဟုတ္လား ။ထြက္သြားခြင့္ေပးေ...