I HATE LOVE - 25

1.7K 103 38
                                    

ညစား စားနေသည့် ရှောင်းကျန့် ပုံစံက တို့တိတို့တိ
နဲ့မို့ ရိပေါ်
လှမ်းလှမ်းကြည့်နေမိသည်...။

ရှောင်းကျန့်Roseဆိုတဲ့ မိန်းမရဲ့ ပုံစံကိုသာ
မျက်လုံးထဲ မြင်နေမိသည်..။သူ့ရဲ့ အပြုံးတွေ
အကြည့်တွေမှာ တစ်ခုခု ရောနှောထားသလိုပဲ
ရိုးရှင်းမနေတဲ့ ဒီမိန်းကလေး ။ရိပေါ် အကျီပေါ်က
နှုတ်ခမ်းနီရာတွေ သူမ ပြောတဲ့သူငယ်ချင်းတွေဆို
တဲ့စကား ရှောင်းကျန့် တွေးရင်းတွေးရင်း
စိတ်အလိုမကျတော့..။စိတ်အလိုမကျမှုကြောင့်
မျက်ခုံးတွေသည်လည်းတွန့်ချိုးစွာပင်..။
ရှောင်းကျန့် လက်ထဲရှိနေတဲ့ဇွန်းကို ဘေးချရင်း
ထမင်းစား စားပွဲက ထထွက်ရန်ပြင်တော့။

"စားလို့မကောင်းဘူးလား.."

"မဟုတ်ပါဘူး..။ငါသိပ်မစာလို့ ငါအရင်ထနှင့်မယ်.."

ရိပေါ် ရှောင်းကျန့်ကို ဘာမှထပ်မပြောမိတော့။
လှည့်ထွက်သွားတဲ့ ရှောင်းကျန့်ရဲ့ကျောပြင်ကိုသာ
ငေးရင်းကျန်နေခဲ့သည်..။

ရှောင်းကျန့်မရှိတော့တဲ့ စားပွဲဝိုင်းမှာ သူထိုင်နေ
ချင်စိတ်လည်းမရှိတော့တာကြောင့် ဝမ်ရိပေါ်လည်း
စားပွဲကနေထ ထွက်သွားတော့သည်...။

ရိပေါ် ထွက်သွားတော့ လင်း အလုပ်သမားတွေကို
ဟင်းပွဲတွေ ပြန်သိမ်းခိုင်းလိုက်တော့သည်..။

"သခင်လေးက မျက်နှာမကောင်းသလိုပဲနော်.."

အနောက်က ပြောနေသော အိမ်အကူရဲ့ စကားသံ
ကြောင့်လင်းအနောက်ကိုပြန်လှည့်ကြည့်လိုက်
တယ်..။

"ကျွန်တော်လည်းအဲလိုပဲထင်တယ်..။"

********************************

ရိပေါ်ကြိုးစားပြီး မျက်လုံးတွေမှိတ်၍
ကြိုးစားအိပ်ကြည့်နေသော်လည်း ဘယ်လိုမှ
အိပ်မပျော်နိုင်..။ရှောင်းကျန့်ခုလို အေးစက်နေတာ
ကိုသူလုံးဝမကြိုက်..။စိတ်ဆိုးပြေအောင် သူဘယ်
လိုလုပ်ပေးရမလဲ သူတကယ်မသိတော့ချေ။
နားလည်အောင်ရှင်းပြလိုက်ရင် ဘာပြဿနာမှ
မရှိတော့ဘူးထင်ပင်မဲ့ တကယ်တမ်းတော့
တွေးထားသလို ဘာတစ်ခုမှ ဖြစ်မလာခဲ့..။

You've reached the end of published parts.

⏰ Last updated: Nov 26, 2020 ⏰

Add this story to your Library to get notified about new parts!

I HATE LOVE Where stories live. Discover now