I HATE LOVE - 13

774 97 8
                                    

ရှောင်းကျန့် အခန်းထဲကနေအောက်က အခြေအနေ
ကို လှမ်းကြည့်လိုက်သည် ။အလုပ်သမားတွေ
အလုပ်လုပ်နေတာကလွဲလို့ စောင့်ကြည့်နေတဲ့သူ
မရှိ။ယုံယုံကြည်ကြည်နဲ့ကို ထားခဲ့တာလားဆိုတာ
တော့ ရှောင်းကျန့်ဒွီဟဖြစ်သွားသည်..။

မနက်စာလာစားဖို့ လင်းလာခေါ်တော့ ရှောင်းကျန့်
မနက်စာဆင်းစားရင်းတစ်ခါတည်း ခြံထဲသို့ထွက်
လာခဲ့သည်။လင်းဆိုသည့် တစ်ယောက်ကတော့
နောက်ကနေ တောက်လျှောက်ကပ်ပါလာသည်။
ခြံကလည်း ကျယ်တယ်ဆိုတာထက်ကို ပိုကျယ်
နေတော့ ရှောင်းကျန့် ပြေးပေါက်ရှာဖို့က သူတွေး
ထားခဲ့သလောက် လွယ်ကူမနေချေ။
ဟိုကြည့်ဒီကြည့်နဲ့ နောက်ဆုံးတော့ ရှောင်းကျန့်
အိမ်ကြီးအနောက်ဘက်က အလုပ်သမားတွေနေတဲ့
အဆောင်နဲ့အတူ ဥယျာဥ်ခြံလေးတစ်ခုကိုတွေ့သွား
သည်..။စပျစ်ပင်တွေ စိုက်ထားတာတွေ့တော့
ရှောင်းကျန့်မျက်နှာက ဝင်းပသွားသည်..။
ဝင်လို့ရမရမသေချာတာကြောင့် ရှောင်းကျန့်လင်း
ကိုလှည့်ကြည့်၍ လှမ်းမေးတယ်..။

"လင်း ဟိုဘက်ကို ငါသွားလို့ရလား..."

"ခြံအပြင်သာမထွက်ရင် ကြိုက်တဲ့နေရာသွားပါ။
သခင်လေး စိတ်ကြိုက်ပါ..။"

လင်းကလွတ်လပ်လပ်နေဖို့ ပြောရင်းပြုံးပြတော့
ရှောင်းကျန့်လည်းပြုံးပြကာ စပျစ်ပင်တွေကြား
ပြေးဝင်သွားလိုက်တော့သည်..။

အိတ်ထဲကနေ တုန်ခါလာတဲ့ဖုန်းကြောင့် လင်း
ဝမ်ရိပေါ်မှန်းသိလိုက်သည်..။

"ဟုတ်ကဲ့ သူဌေး.."

"သူဘာလုပ်နေလဲ.."

"စပျစ်ခြံထဲရောက်နေပါတယ်..."

ထွက်ပြေးတာတွေဘာတွေမရှိပဲ စပျစ်ခြံထဲရောက်
နေတယ်ဆိုတော့ ရိပေါ်အနည်းငယ် စိတ်သက်သာ
ရာ ရသွားသည်။

စပျစ်သီးတွေ တစ်လုံးပြီးတစ်လုံးထည့်ဝါးရင်း
ရှောင်းကျန့်မျက်လုံးတွေက ပြေးပေါက်ရှာနေမိသည်။လွယ်လွယ်ကူကူ အပေါက်
ကလည်းတစ်ပေါက်မှမရှိ တာကြောင့် အကြံက
မထွက်တော့။ခြံတံခါးရှိသည့်နေရာကိုသာ ရှောင်း
ကျန့်ဦးတည်လိုက်တော့သည် ။လင်းကလည်း
နောက်ကနေလိုက်လာဖို့ မမေ့ခဲ့။

I HATE LOVE Where stories live. Discover now