"ရှောင်းကျန့်... ခင်ဗျားသတ္တိတွေသိပ်
ကောင်းနေတယ်ပေါ့..။ထွက်ပြေးချင်နေတဲ့
ခင်ဗျားကို အပြစ်ပေးရမယ်.."*ဘာတွေလဲကွာ..။ငါမင်းကိုလည်း မသိဘူး
ဘာအတွက် ငါ့ကိုဒီလိုတွေလုပ်နေတာလဲ..*"လင်း..."
"ဟုတ်ကဲ့..."
"သူ့ကိုမြေ အောက်ခန်းထဲခေါ်ကိုသွား..။ပြီးရင်
ကြိုးချည်ပြီးဆွဲထားလိုက်..."တော်ရုံတန်ရုံမကြောက်တက်သော်လည်း
အေးတိအေးစက်အသံနဲ့ ကြည့်လာသည့်
စိတ်တ္တဇအကြည့်တွေကြောင့် ရှောင်းကျန့်
ကျောချမ်းသွားသည်..။ထိုချိန်ရုန်းကန်နေသည့် ရှောင်းကျန့်ကို လာချုပ်
ကိုင်သည့် လင်းဆိုသည့်တစ်ယောက်...။"ဟေ့..မင်းဘာလုပ်တာလဲ။မင်းလက်တွေဖယ်စမ်း..။
အရိုင်းအစိုင်း မင်းလူကိုမင်း ကြည့်ပြော..."
ရုန်းကန်နေသော်လည်း မှုပင်မမှု ရှောင်းကျန့်
ထိုသူနောက်သာသာလေးပါသွားသည်..။မှောင်းမည်းနေသောအခန်းတစ်ခု မီးရောင်မှိန်မှိန်
လေးသာရှိသည်။အဆင့်အတန်းရှိရှိဆောက်လုပ်
ထားတဲ့ အိမ်ကြီးအောက်မှာ ဒီလိုအောက်တန်းကျကျ
အခန်းရှိနေလိမ့်မယ်လို့ ရှောင်းကျန့်ထင်မထား..။
နရံကိုကြည့်လိုက်တော့ နှိပ်စက်ရန် ပစ္စည်းအစုံထား
ထားသည်။*ငါထင်ပါတယ်..။အရိုင်းအစိုင်း...ပုံမှန်မဟုတ်ဘူး..။
ရူးနေတာနေမှာ..*ရှောင်းကျန့်ရုန်းလည်း လွတ်မှာမဟုတ်တာကြောင့်
ကြိုးချည်နေသည့်လင်းကို အပေးအယူလုပ်ကြည့်
ဖို့စဥ်းစားလိုက်သည်။"ဝေး...ငါ့ကိုဒီကလွတ်အောင်လုပ်ပေးရင်
မင်းအခြားသူလက်အောက်မှာ အလုပ်လုပ်စရာ
မလိုတော့လောက်အောင် ငါပြန်လုပ်ပေးနိုင်တယ်..။
ငါ့ကိုကူညီမလား..."ထိုစကားကြားတော့ လင်းဆိုတဲ့ကောင်လေးက
ပြုံးရင်းခေါင်းခါသည်။ဝမ်ရိပေါ်ရဲ့ လက်အောက်
ကနေ ဘယ်သူသစ္စာဖောက်ပြီး ထွက်ပြေးရဲမှာလဲ..။"သခင်လေးတောင် ခုအကြွးနဲ့သိမ်းခံထားရတာလေ။
ကျွန်တော် လက်ကို အရမ်းမြောက်အောင်မချည်
ခဲ့ဘူး လက်တော့ မနာတော့ဘူးပေါ့.."
YOU ARE READING
I HATE LOVE
FanfictionU+Z Yizhan "ငါတို့ မချစ်ခဲ့ကြဘူးမဟုတ်လား ။ထွက်သွားခွင့်ပေးလေ.. ဘာအတွက် ငါ့အပေါ် အနိုင်ယူချင်နေသေးတာလဲ? ဝမ်ရိပေါ်...!မင်းအချစ်က ဒီလိုမျိုးဆိုရင်တော့ ငါဒီချစ်ခြင်းမျိုးအလိုမရှိဘူး။ငါအချစ်ကိုမုန်းတယ်.." "ငါတို႔ မခ်စ္ခဲ့ၾကဘူးမဟုတ္လား ။ထြက္သြားခြင့္ေပးေ...