I HATE LOVE - 18

733 71 36
                                    

ရိပေါ် အခန်းထဲ ကထွက်သွားပြီး ခနကြာတော့
ရှောင်းကျန့်လည်း အောက်ဘက်သို့ ဆင်းလိုက်
လာခဲ့သည်..။
-
-
-
-
-
-
စားပွဲပေါ်က နွားနို့ခွက် ပူပူလေးရဲ့ဘေးမှာ
အရင်ရက်ကလို့ ခါးသက်သက် ကော်ဖီခွက်ပူပူ
လေးရှိမနေတော့ ရှောင်းကျန့်ရင်ထဲတစ်မျိုးလေး..။

"လင်း ဝမ်ရိပေါ် ဘယ်မှာလဲ..."

"သူဌေးက ကုမ္ပဏီကို သွားပါပြီ.."

*မြန်လိုက်တာ..*

"မနက်စာ စားသွားလား..."

"စားမသွားပါဘူး..."

*ဘာ အရေးကြီးနေလို့ မနက်စာတောင်
မစားဘဲထွက်သွားတာလဲ..*

ရှောင်းကျန့် မနက်စာ စားပြီးတော့ အပေါ်ထပ်က
သူ့အခန်းဆီပဲ ပြန်လာခဲ့လိုက်တယ်..။မရှိတဲ့ အလုပ်
ကြံဖန် ခိုင်းမဲ့ သူလည်းမရှိဘူးဆိုတော့ ရှောင်းကျန့်
ရဲ့ ယနေ့တာဝန်က သာယာပေါ့ပါးလွန်းနေသည်..။

အခန်းထဲမှာ ရှိနေတဲ့ စာအုပ်လေးကို အပျင်း
အပြေယူဖတ်ရင်း တစ်နာရီလောက် အချိန်ကုန်
သွားတော့ ရှောင်းကျန့်မျက်လုံးတွေလည်းလေး
လံလာသည်..။

"ဝှား..ဝမ်ရိပေါ်ရာ မင်းအိမ်မှာမရှိတော့
ငါ့ဘဝကြီးက သာယာလိုက်တာ.."
ရှောင်းကျန့် ထိုသို့ပြောရင်း ကုတင်ပေါ် ခြေပစ်လက်ပစ် လှဲချကာ နောက်တစ်ဖန်အိပ်စက်
ခြင်းဆီသို့...။
-
-
-
-
-
-
ရှောင်းကျန့် ပြန်နိုးလာတော့ နေ့လည်နှစ်နာရီ
တောင်ထိုးနေပြီ..။

ရှောင်းကျန့် အိပ်တာကြာသွားလို့ ခပ်အစ်အစ်
ဖြစ်နေသည့် မျက်လုံးတွေကို ပွတ်ရင်း အောက်ဖက်
သို့ဆင်လားခဲ့သည်...။

ထိုအချိန် အိမ်ထဲပြေးဝင်လာသည့် ကလေးတစ်
ယောက်...။
ဝဝကစ်ကစ်နဲ့ လုံးလုံးလေး...။

"ဦးငယ်ရေ...."

တစ်ရှိန်ထိုး ပြေးလာကာ လှေကားအရင်းမှာရှိနေတဲ့
ရှောင်းကျန့်ကို လာပြေးဖတ်တာမို့
ရှောင်းကျန့်လန့်
ပြီး လှေကားနှစ်ထစ်သုံးထစ်လောက်ကို ပြန်ပြေး
တက်လိုက်မိတယ်..။
သူ့ဆီဘယ်ကလေးကမှ ဒီလို ကမူးရှုးထိုး ပြေးမလာ
ခဲ့ဖူးဘူးလေ..။ပြီးတော့ သူသိတဲ့ ကလေးတစ်
ယောက်လည်းမဟုတ်..။

I HATE LOVE Where stories live. Discover now