ရှောင်းကျန့် မှန်ပြတင်းပေါက် ကနေတဆင့်
အပြင်ကိုငေးနေမိသည်..။သူဒီမှာပဲနေနေလို့
မဖြစ်တာသူသိသည်။ထွက်သွားရင်လည်း ရေဆုံး
ကုန်းဆုံးလိုက် မဲ့သူကလည်းလိုက်မှာမို့ ပြန်ရှာတွေ့
နိုင်တာကိုလည်း ရှောင်းကျန့်သိသည်..။ရှုပ်ထွေး
လွန်းနေတဲ့ ကိစ္စတွေအတွက် သူ့ကိုအဖြေတစ်စွန်း
တစ်စ ပေးမဲ့သူ သူ့မှာမရှိ။ဝမ်ရိပေါ်
က သူရဲ့ယောကျာ်းလို့သာပြောနေပင်မဲ့ ဘယ်အချိန်
ဘယ်နေရာမှ ဘယ်လိုလက်ထပ်ခဲ့မှန်းတောင်သူမသိခဲ့။
အပြိုင်အဆိုင်တွေများနေတဲ့ သူ့ကုမ္ပဏီလည်းခု
ဘယ်လို့အခြေအနေမှာမှန်းမသိ ။ကျန်းချန်နဲ့
ယွီပင်းတို့ကိုလည်းဆက်သွယ်လို့ မရသည့်အခြေနေ။
ခုချိန်မှာရှောင်း ကျန့်သိတာဆိုလို့ ဘယ်သူမှမယုံ
နိုင်ပင်မဲ့ သူ့နေရာမှာ အခြားတစ်ယောက်ရှိနေခဲ့တယ်
ဆိုတာ ပြီတော့ဒီအကြောင်းတွေကို ဝမ်ရိပေါ်
ကိုယ်တိုင်လည်းသိနေနိုင်တယ်ဆိုတာပင်..။ခုချိန်ထွက်လည်း ထွက်သွားနိုင်ဦးမှာ မဟုတ်တဲ့
အတွက် ရှောင်းကျန့်ကုတင်ပေါ်မှာပြန်လှဲနေလိုက်
သည်..။
-
-
-
-
-
-
*********************************တံခါးကို အကြိမ်ကြိမ်လာထိုးစိုက်နေသည့် ဆူး ချွန်မြားများက
ပြွတ်သိပ်နေပြီ ။ရိပေါ် စိတ်ထဲက မတည်ငြိမ်မှုနဲ့
မွန်းကျက်မှုတွေကတော့ လျော့မသွား...။*ငါဘာဖြစ်နေတာလဲ..။သူ့ကိုမပျော်စေချင်ဘူး..
နာကျင်စေချင်တယ်လေ။ဘာလို့သူနာကျင်နေမှန်း
သိတော့ အသုံးမကျတဲ့ဒီနှလုံးသားကြီးကပါနာ
ကျင်နေရတာလဲ..။ပျော်ရမှာ မင်းပျော်ရမှာ...*"ဒေါက်ဒေါက်..!!"
"ဝင်ခဲ့..."
ရိပေါ် အခန်းထဲဝင်လာတဲ့သူက လင်းမဟုတ်ပဲ
စစ်ကျွေးဖြစ်နေတာကြောင့် ရိပေါ်
မျက်ခုံးတွေပင့်တက်
သွားသည်..။
စစ်ကျွေးခါးကိုင်းကာအရိုအသေပေးလိုက်ပီး
ကြမ်းပြင်မှာကျနေတဲ့ဆူးတွေနဲ့ တံခါးမှာထိုးစိုက်နေ
သည့်ဆူးတွေကိုကြည့်ရင်း အခြေအနေသိပ်မကောင်းတာကို သတိထားမိလိုက်
သည်။"သခင်လေး ဝမ်သခင်ကြီးက... "
ရိပေါ် ဝမ်သခင်ကြီးဆိုတဲ့စကားကြားတော့
ဟက်ခနဲပြုံးသည်..။
YOU ARE READING
I HATE LOVE
FanfictionU+Z Yizhan "ငါတို့ မချစ်ခဲ့ကြဘူးမဟုတ်လား ။ထွက်သွားခွင့်ပေးလေ.. ဘာအတွက် ငါ့အပေါ် အနိုင်ယူချင်နေသေးတာလဲ? ဝမ်ရိပေါ်...!မင်းအချစ်က ဒီလိုမျိုးဆိုရင်တော့ ငါဒီချစ်ခြင်းမျိုးအလိုမရှိဘူး။ငါအချစ်ကိုမုန်းတယ်.." "ငါတို႔ မခ်စ္ခဲ့ၾကဘူးမဟုတ္လား ။ထြက္သြားခြင့္ေပးေ...