ရိပေါ် တစ်နေ့လုံးစဥ်းစားနေမိတယ်..။
အထွေအထူးတော့မဟုတ်ပါဘူး ရှောင်းကျန့်ကို
အကျင့်ယုတ်ဖို့ပေါ့.။သူဖြစ်ချင်တာက ရှောင်းကျန့်
အလုပ်သမားမလုပ်တော့ဘူး ငါမင်းယောကျာ်း
အဖြစ်ပဲပြန်နေတော့မယ်ဆိုပြီး အရှုံးပေးလာမှာမျိုး။
ဒါပင်မဲ့ ရှောင်းကျန့်က သူတွေးထားသလောက်
လွယ်ကူပါ့မလား..။
သူနားကနေ အမြန်ထွက်သွားချင်လို့သာ
ဥက္ကဌရှောင်းဆိုတဲ့ ဂုဏ်ကိုဖယ်ပြီး အချိန်အကန့်
အသက်ရှိတဲ့ အလုပ်သမားနေရာကို လက်ခံခဲ့တာ..။
ဘာပဲဖြစ်ဖြစ် ရှောင်းကျန့်စိတ်ကုန်သွားလောက်
အောင်သာ ခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်..။
အလုပ်သမားတွေ အကုန်လုံးကလည်း သူ့နေရာနဲ့
သူ အပြည့်အဝရှိနေတာမို့ ခိုင်းဖို့လိုတဲ့နေရာက
သိပ်တောင်မရှိချင်။ရိပေါ်ခြံထဲကို ဆင်းလာတော့ ညနေသုံးနာရီခွဲ
လောက်ရှိပြီ။စပျစ်ခြံဘက်ကို မလာဖြစ်တာကြာပြီ
မို့ လျှောက်လာခဲ့တော့ ရှောင်းကျန့်နဲ့လင်းက
စပျစ်ပင်တွေကြားမှာ...။
ဘာတွေသဘောကျပြီးရယ်နေကြမှန်းမသိ..။
စပျစ်သီးတွေးပလုပ်ပလောင်းထည့်ပြီး လက်ထဲမှာ
လည်းအပြည့်ခူးထားသည့်ရှောင်းကျန့်ကို ဝမ်ရိပေါ်
အဝေးကနေသာ ပြုံးရင်းကြည့်မိတယ်..။*ကျုပ်သေချာသွားပြီရှောင်းကျန့် ကျုပ်ခင်ဗျားကို
ကျူပ်အပိုင်ဖြစ်စေချင်တာထက် ခင်ဗျားကို
ချစ်မိတာ သေချာပြီ။ကျောင်အန်းကို လိုချင်ခဲ့တာက
သူက ကျုပ်အပိုင်ဆိုတာမျိုးလိုချင်ခဲ့တာ..။ရိုးရိုးလေး
ပြန်တွေးရင်သူမကို ကျုပ်အကြိုက်ဆုံးပစ္စည်း
တစ်ခုအဖြစ်လိုချင်ခဲ့တာ..။ကျုပ်မှားနေခဲ့တာပဲ..။
ဒါပင်မဲ့ ကျုပ်ခင်ဗျားကို
ပစ္စည်းတစ်ခုလို မခံစားရဘူး..။ကျုပ်ပိုင်ဆိုင်ရရင်
ပြီးရောဆိုတာထက် ခင်ဗျားရောပိုင်ဆိုင်ချင်ရဲ့လား
ဆိုတာသိချင်လာတယ်..။ခင်ဗျားကိုယ်တိုင်က
ပိုင်ဆိုင်ချင်တယ်ဆိုတဲ့ တုံ့ပြန်မှုကို လိုချင်လာတယ်..။
ဒါကလောဘတက်မိတာလား ချစ်မိသွားတာလား..။
ချစ်မိသွားတယ်လို့ပဲ ထင်ပါရစေတော့..*ရိပေါ်အနားကိုရောက်လာတော့ နှစ်ယောက်သားရဲ့
အပြုံးတွေက ပျောက်ကွယ်သွားတယ်..။ဝမ်ရိပေါ်ကို
သာထူးဆန်းသလိုသာ ကြည့်နေကြသည်..။
YOU ARE READING
I HATE LOVE
FanfictionU+Z Yizhan "ငါတို့ မချစ်ခဲ့ကြဘူးမဟုတ်လား ။ထွက်သွားခွင့်ပေးလေ.. ဘာအတွက် ငါ့အပေါ် အနိုင်ယူချင်နေသေးတာလဲ? ဝမ်ရိပေါ်...!မင်းအချစ်က ဒီလိုမျိုးဆိုရင်တော့ ငါဒီချစ်ခြင်းမျိုးအလိုမရှိဘူး။ငါအချစ်ကိုမုန်းတယ်.." "ငါတို႔ မခ်စ္ခဲ့ၾကဘူးမဟုတ္လား ။ထြက္သြားခြင့္ေပးေ...