ဖရိုဖရဲဖြစ်နေတဲ့ Roseရဲ့ ပုံစံကို ရှောင်းကျန့်
မနှစ်မျိုစွာကြည့်မိတယ်..။"လင်း.. သူ့အတွက် အခန်းတစ်ခု စီစဥ်ပေးလိုက်.."
ရှောင်းကျန့်ထိုမျှသာပြော၍ရိပေါ်ကို တွဲကာ
အခန်းထဲသို့ဝင်လာခဲ့သည်..။*ဝမ်ရိပေါ်..အကျင့်မကောင်းတဲ့ကောင်..။မူးပီး
မိန်းမတစ်ယောက်နဲ့အတူ အိမ်ပြန်လာတယ်ပေါ့..*အသိမရှိပဲ ရှောင်းကျန့်ကိုသာ မှီခို၍ ပါလာတဲ့
ရိပေါ် ခန္ဓာကိုယ်က ရှောင်းကျန့်အတွက် တွဲသွား
နေရတာ သိပ်တော့လွယ်ကူမနေချေ..။
မိန်းမတစ်ယောက်နဲ့အတူ ညဥ့်နက်မှ အရက်မူး
ပြီးပြန်လာတဲ့ ရိပေါ်ကိုလည်း သိပ်ကြည်နေတာ
မဟုတ်တော့ ကုတင်နားရောက်တာနဲ့ ရိပေါ်ကို
ပစ်သာချလိုက်တော့သည်..။ဒီတိုင်းပစ်ချထားပြီး ထွက်သွားဖို့လုပ်သော်လည်း
ဖရိုဖရဲ ကြီးနဲ့မသက်မသာ အိပ်နေတာမြင်ရပြန်
တော့ရှောင်းကျန့်မနေနိုင်..။
ရှောင်းကျန့် ရိပေါ်ကိုသေချာနေရာချပေးပြီး
အကျီလဲပေးရန်ပြင်လိုက်သည်။အကျီအပေါ်မှာ
အထင်းသားရှိနေတဲ့ နှုတ်ခမ်းနီရာကို မြင်လိုက်ရ
တော့ ရှောင်းကျန့်လက်တွေ တုန်ရင်စွာ ရပ်တန့်
သွားတယ်..။မယုံကြည်နိုင်စွာ ရိပေါ်ကို လှမ်းကြည့်
တဲ့မျက်ဝန်းတွေထဲမှာတော့ မျက်ရည်တွေ ပြည့်လျှံ
နေတယ်..။ဘယ်သူ့နှုတ်ခမ်းနီရာလည်းဆိုတာ
ကတော့ အထူးတလည် ရိပေါ်ကို ရှောင်းကျန့်
မေးနေဖို့မလိုအပ်တော့။*မင်းအတွက် ငါက ကစားစရာအရုပ်တစ်ခုလိုမျိုး
လားဝမ်ရိပေါ်..။မင်းအတွက် ငါက အရုပ်တစ်ရုပ်
လား..*လည်တိုင်နားက အနီရောင်အကွပ်ကိုပါ
ထပ်မြင်လိုက်ရတော့ အိပ်ပျော်နေတဲ့ ရိပေါ်
မျက်နှာကိုကြည့်ရင်း ရှောင်းကျန့် ခပ်ထေ့ထေ့
ပြုံးတော့သည်..။အခန်းတစ်ခုရဲ့ တိတ်ဆိတ်နေမှုက နာရီ စက္ကန့်သံ
ရွေ့လျားမှုကိုပင် ကြားနေရသည်။တိတ်တိတ်လေး
မျက်ရည်ကျနေတဲ့ ကောင်လေးတစ်ယောက်ရဲ့
ရှိုက်သံသဲ့သဲ့ကလည်း အချိန်တော်ကြာသည်ထိပဲ။*********************************
ရိပေါ် မျက်လုံးစဖွင့်လိုက်တာနဲ့ စိုးရိမ်စိတ်နဲ့
ဘာတွေ ဖြစ်ကုန်ပြီလဲဆိုတဲ့ အတွေးကစီစီရီရီပဲ။
ဘေးပတ်လည်ကိုကြည့်တော့ ကိုယ့်အခန်းကိုယ်
ပြန်ရောက်နေတာမို့ စိတ်သက်သာရာတော့
နည်းနည်းရသွားသည်..။
YOU ARE READING
I HATE LOVE
ФанфикU+Z Yizhan "ငါတို့ မချစ်ခဲ့ကြဘူးမဟုတ်လား ။ထွက်သွားခွင့်ပေးလေ.. ဘာအတွက် ငါ့အပေါ် အနိုင်ယူချင်နေသေးတာလဲ? ဝမ်ရိပေါ်...!မင်းအချစ်က ဒီလိုမျိုးဆိုရင်တော့ ငါဒီချစ်ခြင်းမျိုးအလိုမရှိဘူး။ငါအချစ်ကိုမုန်းတယ်.." "ငါတို႔ မခ်စ္ခဲ့ၾကဘူးမဟုတ္လား ။ထြက္သြားခြင့္ေပးေ...