"မင်းရူးနေတာပဲ ဝမ်ရိပေါ်..။မင်းရူးနေပြီ။
ဒါမှမဟုတ်ရင် ငါရူးနေပြီ..."ရိပေါ် ရှောင်းကျန့်ကို အေးစက်စက်သာပြန်ကြည့်
မိတယ် ရင်ထဲမကောင်းပင်မဲ့လဲပေါ့..။ခံစားချက်
ပြောင်းလဲနေတဲ့သူ့အတွက် ရှောင်းကျန့်နဲ့ ပတ်သက်
သမျှက သူ့အတွက် သိပ်လွယ်ကူမနေတော့..။
လုပ်ချင်ရာကို ဇွတ်လုပ်ပြီး ရင်ထဲကထုတ်လိုက်ရမဲ့
အစား ရင်ဘက်ထဲထည့်ထားမိတော့ အနည်းငယ်
နာကျင်ရတာလည်း ထိုက်တန်ပါရဲ့..။ချစ်မိရင်
တော့အနည်းငယ်နာကျင်ရမှာပဲ။ရှောင်းကျန့်ရဲ့ ပုံစံက နူးညံ့သိမ်မွေ့တယ်လို့ မြင်ချင်
မြင်နိုင်တယ်..။ဒါပင်မဲ့ သူဟာယောကျာ်းလေးတစ်
ယောက်ပဲလေ ယောကျာ်းမာနဆိုတာရှိတယ်။
ဒေါသထွက်လွယ်နိုင်တယ် သွေးဆူတဲ့အချိန်ဆို
တာလဲရှိမှာပဲ..။ရှောင်းကျန့် ဝမ်ရိပေါ်ရှေ့မှာတင် နရံကို လက်တစ်
ဖက်နဲ့ အားကုန်သုံးကာ ထိုးချလိုက်တယ်...။*ကြာရင်ငါ မင်းကိုတကယ်မုန်းမိ
တော့မယ် ဝမ်ရိပေါ်..*ရုတ်တရက်မို့ရိပေါ် မျက်နှာက အနည်းငယ် ပျက်
သွားတယ်..။ခြေလှမ်းတွေလည်း ရှေ့တိုးလာခဲ့ပြီးမှ
ရိပေါ် အခန်းပြင်ကို ထွက်သွားတယ်..။
စိတ်ပူသွားပင်မဲ့လည်း ပူပန်မှုကိုမပြချင်တာကြောင့်
ရိပေါ်အမူအယာကိုပြန်ထိန်းရင်း အခန်းပြင်ထွက်
လာခဲ့သည်..။စိတ်ထဲမှာတော့ ရှောင်းကျန့်လက်ကို
အကြိမ်ကြိမ်ဆွဲယူရင်း ဘာဖြစ်သွားလဲမေးနေမိပြီ။*သူ့ကိုယ်သူ ထိခိုက်အောင်လုပ်မှာမဟုတ်ဘူး..။
ဒီလောက်လေးက အဆင်ပြေပါတယ်..။သူက
ယောကျာ်းလေးပဲ..။*
-
-
-
-
-
-
**********************************
ဝမ်ရိပေါ် အလုပ်မသွားခင်အချိန်ရနေတာမို့
ဒီနေ့တော့ အိမ်မှာမနက်စာ စားဖြစ်သွားသည်...။
ရှောင်းကျန့်ကတော့ ဘယ်တော့မှ သူနဲ့အတူ
တစ်နေရာတည်း တစ်ဝိုင်းထဲစားမှာမဟုတ်..။
သူပြန်ရောက်လာကတည်းက သူ့အခန်းထဲမှာသာ
သူစားတက်သည်..။အခန်းအပြင်လည်း သိပ်တော့
မထွက်..။ပိုဆိုးသည်က ဝမ်ရိပေါ် အိမ်မှာရှိလျှင်ပိုပြီး
တော့ အခန်းထဲအောင်းနေတက်တာ..။
YOU ARE READING
I HATE LOVE
FanfictionU+Z Yizhan "ငါတို့ မချစ်ခဲ့ကြဘူးမဟုတ်လား ။ထွက်သွားခွင့်ပေးလေ.. ဘာအတွက် ငါ့အပေါ် အနိုင်ယူချင်နေသေးတာလဲ? ဝမ်ရိပေါ်...!မင်းအချစ်က ဒီလိုမျိုးဆိုရင်တော့ ငါဒီချစ်ခြင်းမျိုးအလိုမရှိဘူး။ငါအချစ်ကိုမုန်းတယ်.." "ငါတို႔ မခ်စ္ခဲ့ၾကဘူးမဟုတ္လား ။ထြက္သြားခြင့္ေပးေ...