Unicode...
At 7:00 pm,
" ကဲ...အာ့ဆို ဒီပုစ္ဆာပုံစံမျိုးကို မြင်ရင် မေးခွန်းမှာ ဆရာတို့ အရင်စကြည့်ရမှာက ဘာလဲ "
ချိုသာနူးညံ့သော ဆရာငယ်လေးရဲ့ အသံလွင်လွင်လေးနဲ့ မေးမြန်းသံအဆုံးမှာ ကျွန်းစားပွဲပုလေးပတ်လည်တွင် ဝိုင်းထိုင်နေကြသော ကလေးငါးယောက်က သံပြိုင်ဖြေကြသည်။
"Total ပါရင် weight (1)ခု၊ Total မပါ weight(2)ခု"
"ဟုတ်ပြီ အာ့ဆိုဆက်ပြောရအောင် Totalပါရင်သုံးရမယ့်ပုံသေနည်းက ဘာလဲပြောကြည့်ပါအုံး"
ကလေးအားလုံးပေါင်းငါးယောက်သာ ရှိပေမဲ့ သင်ရတာ မြိုင်ဆိုင်သည်...။ မေးသမျှကိုတက်ကြွစွာဖြေကြသလို ရှင်းပြသမျှ သေချာနားထောင်ကာ စာလုပ်ချိန်ပျင်းရိသူမရှိတာမို့ စာသင်ချိန်ဆိုတာ ပျော်ရွှင်ဖွယ်အတိ...။
စာသင်တဲ့အလုပ်က Gulf အတွက် စိမ်းသက်မနေပါ..။ အထက်တန်းပြီးချိန်မှ တက္ကသိုလ်ဆက်တက်ကာ ဘွဲ့ရသည်အထိ စာသင်တဲ့အလုပ်ကို Gulf မစွန့်လွှတ်ခဲ့....။ ဖေဖေက အလုပ်အကိုင်ရှိနေသည့်အပြင် ဘွဲ့ရပြီးစ ပူနွေးနွေးသားဖြစ်သူကို ဘာမှမခိုင်းပေမဲ့ Gulfကတော့ အားနေတာကို မနှစ်သက်သူမို့ စာသင်နေခြင်းပင်...။
ဧည့်ခန်းကြမ်းပြင်မှာသင်နေရင်း ကလေးတွေရေးနေချိန်တွင် ဆိုဖာပေါ်ထိုင်နေသော ဖေဖေ့ကို လှမ်းကြည့်မိသည်..။ အိမ်ရှေ့စာတိုက်ပုံးထဲ ညနေထဲက ရောက်နေသော စာတစ်စောင်ကို ဖေဖေ ဖတ်နေတာတွေ့လိုက်သည်...။
💌 ခင်ဗျားနားကို အရိပ်မဲ့ရောက်လာပြီ။ ည 10:00အချိန် "Sweet Dream" Hotel ကိုလာတွေ့ပါ။
/ အရိပ်မဲ့ 💌စာဖတ်နေရင်း Gulfဖေဖေဖြစ်သူ ရင်ထဲစိုးထိတ်လာသည်..။ စာရွက်ကိုင်ထားသောလက်က တုန်ရီလာပြီး နားထင်စပ်မှ ချွေးစေးများပြန်လာသည်။ ရေးထားသောစာက နှစ်ကြောင်းတည်းမျှသာ...။
သို့ပေမဲ့ ဒီနှစ်ကြောင်းတည်းက အသက်ပျောက်သွားနိုင်လောက်အောင် ကြောက်မက်ဖွယ်ပင်ဆိုတာကို ဖတ်နေသောသူမှ တပါး အခြားသူမသိနိုင်.....။
" ဖေဖေ "
" ဟင် "
အနားကို သားဖြစ်သူရောက်လာတော့ ကမန်းကတန်းစာကို ပိတ်လိုက်သည်။
![](https://img.wattpad.com/cover/245394379-288-k263286.jpg)
YOU ARE READING
"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"
FanfictionUnicode.. မှောင်ခိုလုပ်ငန်းနှင့် တရားမဝင်အလုပ်များကို လုပ်ကိုင်ပြီး အရိပ်မဲ့ဟု နာမည်ကြီးသည့် မြေအောက်ဘုရင် Mew Suppasit ဖခင်ရဲ့ အမှားကြောင့် မထင်မှတ်ပဲ မြေအောက်ဘုရင် Mewနှင့် လက်ထပ်လိုက်ရသူ Gulf Kanawut သူတို့နှစ်ယောက်ကြားက ချစ်ခြင်းတရားနဲ့အတူ ရင်ဆိ...