အပိုင်း 11

2.2K 128 2
                                    

နေ့လည် 1 နာရီ ....
"ခ ထတော့ တစ်နာရီတောင်ထိုးနေပီ ဗိုက်ဆာတယ် တခုခုသွားရအောင် " မနက်ကကားပေါ်ကဆင်းတည်းကဟိုတယ်ကိုတန်းလာခဲ့တာလမ်းမှာဘာမစားခဲ့ရ ဟိုတည်ရောက်တော့လည်းအခန်းထဲရောက်တာနဲ့ပင်ပန်းလို့ဆိုပီးတန်းအိပ်ကြတာ ခုနိုးတော့မှဖုန်းတချက်ဖွင့်ကြည့်လိုက်တော့ နေ့လည် ၁ နာရီ တောင် ထိုး နေ ပီ

"ခ ထတော့ကွာ သီဟတို့တောင်ကမ်းခြေဘက်ဆင်းသွားကြပီ လာသွားမယ် ထ" သူရတယောက် ခ လက်ကိုအတင်းဆွဲထူပီးနှိုးနေလေသည်
ခတယောက်အိပ်ချင်မူးတူးနဲ့ ထလာပီ"အိပ်ချင်သေးတယ်ကွာ ၀ှားး....."
"ထထ မျက်နှာသစ်ပီးရင်ကမ်းခြေဘက်သွားပီးထမင်းသွားစားမယ်"
သူရပြောလိုက်တော့
"နေပါဦး နေ့လည်စာက ဟိုတည်ကကျွေးတယ်လေ အပြင်ကဟာစားမလို့လား"
"မင်းအချိန်ကိုလည်းကြည့်ဦး နေ့လည်စာက ၁၁နာရီကနေ ၁နာရီထိပဲ လေ ခုပဲတနာရီကျော်နေပီ မမှီတော့ဘူး လာပါကွာ ကမ်းခြေဆင်းရင်းတခုခု၀ယ်စားလိုက်မယ် "
ခ သူရပြောတာကိုနားထောင်ရင်းရေချိုးခန်းထဲ၀င်သွားလေသည်
အပြင်မှာရှိနေတဲ့ သူရ ပစ္စည်းတွေနေရာချနေလိုက်တယ် အခန်း ထဲ ရောက်တုန်းက ပင်ပန်းလို့ဆိုပီးလေးကောင်လုံးတညီတည်း၀င်အိပ်ကြတာခုမှပစ္စည်းတွေသေချာစီရတယ်
"ခ မပီးသေးဘူးလား မြန်မြန်လုပ် ငါဗိုက်ဆာနေပီ " ရေချိုးခန်းထဲမှအသံပြန်ထွက်မလာ
" ခ မင်းရေချိုးနေတာလား မြန်မြန်လုပ်ပါဆိုကွာ ဟိုရောက်ရင်လည်းရေကူးမှာပဲကို ရေချိုး နေ သေး တယ်"
ခဏကြာတော့ ခ ရေချိုးခန်းထဲကထွက်လာလိုက်သည်
"ခ ကြာလိုက်တာကွာမြန်မြန်လုပ်စမ်းပါ ငါခုထိမနက်စာတောင်မစားရသေးဘူး "
"အေးပါကွာ အကျီတော့၀တ်ပါရစေဦး နားငြီးလိုက်တာ"

ခ တို့နှစ်ယောက် ကမ်းခြေဘက်ကိုလမ်းလျှောက်ထွက်ခဲ့လာခဲ့တယ်
အချိန်ကနေခင်းနေပူချိန်ဖြစ်နေပေမဲ့ ပင်လယ်ဆိုတဲ့အငွေ့အသက်ကိုရလိုက်တာမို့ လေတဖြူးဖြူးနဲ့အရမ်းမပူပဲနေရတာအဆင်ပြေသည် သဲသောင်ပြင်ဘက်ကိုလျှောက်လာရင်းပင်လယ်ရေလှိုင်းတွေကြောင့်ကမ်းစပ်မှာလှိုင်းသံလေးတွေနဲ့အရမ်းကိုသာယာလွန်းသည်
"၀ါးး.... လှလိုက်တာ အရမ်းမိုက်တာပဲ ခ မြန်မြန်လာ သွားမယ် " သူရတယောက် ခ လက်ကိုအတင်းဆွဲကာကမ်းစပ်နားကိုပြေးလာလိုက်သည်
" သူရ " ခ သူရမျက်နှာကိုကြည့်ပီးနာမည်ခေါ်လိုက််တယ်
"ဟင်"
"ပင်လယ်ကြီးက လှတယ်နော် "
"အင်း " ခ ပါးစပ်ကပင်လယ်အကြောင်းပြောနေပေမဲ့ ခ မျက်လုံးတွေက သူရ အပေါ်သာရောက်ရှိနေသည် သူရကတော့ ပင်လယ်လေကိုတစ်၀ကြီးရှုပီး ပင်လယ်ကြီးကိုကြည့်ပီးသဘောကျနေလေရဲ့
" သူရ မင်းဗိုက်ဆာတယ်ဆို အခုရောမဆာတော့ဘူးလား"
" ဟုတ်သားပဲ ငါဗိုက်တော်တော်ဆာနေပီ လာသီဟတို့ကိုသွားရှာမယ်"

ကျွန်တော်ချစ်သောမောင့်ကမ္ဘာWhere stories live. Discover now