အပိုင်း5

2.8K 178 2
                                    

အရပ်မြှင့်မြှင့် အသားညိုညို မျက်နှာကခပ်သွယ်သွယ် နဲ့ ရှပ်အကျီနဲ့ပုဆိုးကို​သေသေသပ်သပ် ဝတ်ထားတဲ့သူရတယောက် အတန်းထဲဝင်လာချိန်မှာ အားလုံးရဲ့အာရုံစိုက်ခြင်းကိုခံလိုက်ရသည်

မချောဘူးဆိုတောင်တော်တော်ကြည့်ကောင်းတဲ့ရုပ်ရည်မျိုးရှိတာမို့ကောင်မလေးတော်တော်များများက သူရကိုတွေ့တွေ့ချင်းစိတ်ဝင်စားပီးသတိထားမိကြတယ်

သူရအတန်းထဲရောက်တာနဲ့ လွတ်နေတဲ့ခုံတနေရာ မှာဝင်ထိုင်လိုက်တယ်
ခဏကြာတော့သူ့ဘေးကိုကောင်လေးတယောက်လာထိုင်တယ်
အေးအေးဆေးဆေးပဲနေတတ်တဲ့သူရကမိတ်ဆွေဖွဲ့ချင်ပေမဲ့ကိုယ်ဘက်ကလည်းစပီးမပြောချင်တာကြောင့်မသိသလိုသာနေလိုက်တယ်

ခဏကြာတော့
"မင်းကကျောင်းသားသစ်လား"
"အင်းဟုတ်တယ် "
"ငါ့နာမည်ကဇွဲမင်းပိုင် ဇွဲလို့ခေါ်လို့ရတယ်" ဟိုဘက်ကအရင်စကားစလာတာမို့သူရဝမ်းသာသွားရတယ်
"အင်း ငါ့နာမည်ကမြတ်သူရမောင်
သူရလို့ခေါ်ပေါ့"
ဘာလို့ခုမှကျောင်းလာတက်တာတုန်း အရင်နေ့တွေကကျောင်းပြေးနေတာလား" ဇွဲကစသလိုနဲ့မေးလိုက်တော့
"အာ မဟုတ်ပါဘူး ငါကခုမှနယ်ကပြောင်းလာတာ မနေ့ကမှရန်ကုန်ရောက်တာ "
"မနေ့ကမှရောက်တာကိုဒီနေ့ကျောင်းတက်နိုင်တယ် လေးစားတယ်"
"ဘာလို့လဲကွ"
"မင်းမပင်ပန်းဘူးလား ပီးတော့ချက်ချင်းကြီးကျောင်းပြောင်းလာရတာ နဲနဲတောင်မနားတော့ဘူးလားလို့ပါ"
"ငါကကျောင်းတက်ချင်နေတာလေ အိမ်မှာနေလည်းလုပ်စရာမှမရှိတာ အဲ့တော့မနားတော့ပဲကျောင်းတခါတည်းအပ်ပီးတက်လိုက်တာ"
"အော် အဲ့လိုလား"

"ငါကဒီနေ့မှစတက်တာဆိုတော့အရင်နေ့ကစာတွေပြန်ကူးရဦး
ငါ့ကိုပီးရင်စာအုပ်ငှားဦး"
"အေးပါ "
"ဟိုမှာ ဆရာမလာပီ"

"မနေ့ကတုန်းကသင်ထားတဲ့.....^$^%&. #$*:^^:&"
ကလင် ကလင် ကလင် (ကျောင်းခေါင်းလောင်းသံ)
ကဲဒီနေ့ အဲ့လောက်ပဲနော် နောက်တချိန်ပြန်တွေ့မယ်"
ကျောင်းသားတွေအကုန်နီးပါးစာအုပ်သိမ်းပီးမုန့်စားဖို့ထွက်သွားကြတယ်

"ဇွဲ ကန်တင်းကဘယ်ဘက်မှာလဲ "
"ငါနဲ့တူတူသွားမယ်လေ လာ"
"အင်း"

ကျွန်တော်ချစ်သောမောင့်ကမ္ဘာWhere stories live. Discover now