အပိုင်း 27

1.6K 78 5
                                    

ရုံးလည်းသွားမနေချင်တော့တာကြောင့် အိမ်ကိုသာတန်းပြန်လာခဲ့သည်
ကားမောင်းနေရင်း သီဟတို့ဖုန်းဆက်တာကြောင့်ဖုန်းတချက်ကိုင်လိုက်သည်

"ဟဲလို "
"အေး ငါတို့ city mark ရောက်နေတယ် ညအတွက် မင်းဘာမှာဦးမလဲ "
"မမှာတော့ဘူး အဆင်​ပြေတာသာဝယ်လာခဲ့ "
ဖုန်းချပြီးအိမ်ကိုသာဆက်မောင်းလာခဲ့တယ်

"ကိုကို ပြန်လာပြီလား
ရုံးပြန်သွားဦးမှာလား"
"မသွားတော့ဘူး မြတ်နိုး ညနေကျရင် သီဟတို့လာလိမ့်မယ် စားကြသောက်ကြမှာဆိုတော့ မြတ်နိုးစားဖို့နည်းနည်းပြင်ထားပေး
ကိုယ်ပင်ပန်းနေလို့အပေါ်ခဏတက်နားဦးမယ် "
မြတ်နိုးကိုမှာစရာရှိတာမှာပြီး အိမ်ပေါ်ထပ်သာတက်လာခဲ့သည်
.......
အခန်းထဲဝင်ပြီး စိတ်ညစ်ညစ်နဲ့အတွေးများရင်အိပ်ပျော်သွားတာ နိုးလာတော့ နာရီတချက်​ကြည့်လိုက်​တေ့ာညနေ ၄နာရီထိုးနေပြီ သီဟတို့နဲ့ချိန်းထားတာကြောင့် ရေချိုးပြီးအောက်ထပ်ကိုဆင်းလာခဲ့သည်

အောက်ထပ်မှာမြတ်နိုးကိုရှာတာမရှိတာကြောင့် အနံ့တခုရတာနဲ့ မီးဖိုခန်းထဲသွားကြည့်တော့ မြတ်နိုးချက်ပြုတ်နေတာကိုတွေ့သည်
"မြတ်နိုး ဘာတွေချက်နေတာလဲ "
"ကိုကိုဆင်းလာပြီလား
သီဟတို့လာမယ်ဆိုလို့ စားစရာတွေလုပ်နေတာ "
"ဘာတွေလဲ"
"ငါးသံပုရာပေါင်း ကိုကို့အတွက် ငါးကင်လည်းလုပ်ပေးထားတယ်
ချိုချဥ်ကြော်ရယ် ငါးဖယ်လုံးဟင်ချိူ ဒါကအားလူချောင်း အကင်တွေလည်းရှိတယ် မလုပ်ရသေးလို့ သူငယ်ချင်းက မာလာရှမ်းကောလုပ်စားတယ်လို့ ပို့ထားတာတွေရှိသေးတယ် ကိုကိုဘာစားချင်သေးလဲ "
(A/N ရှင်တို့သရေကျနေပြီမှတ်လား )

"တော်ပါပြီ အများကြီးပဲဖြစ်နေပြီ ဒါတွေအကုန် တ​ယောက်တည်းလုပ်ထားတာလား အိမ်အကူခေါ်ပါဆိုလည်းမခေါ်ဘူး "
မြတ်နိုးပြုံးသာပြုံးပြီး လုပ်စရာရှိတာတွေဆက်လုပ်နေလိုက်တယ်

မြတ်နိုးကကျွန်တော့အပေါ်တကယ်ကောင်းတယ် ပြန်တွေးကြည့်ရင်ကျွန်တော်ကသာမကောင်းတဲ့ကောင်ဖြစ်ခဲ့တာ
မေမေထားပေတဲ့ဘဝကပြည့်စုံပေမဲ့ ကျွန်တော် အဲ့ဘဝကိုအကြိမ်ကြိမ်ငြင်းဆန်နေမိတယ် မှန်သောသစ္စာပါ အခုချိန်ထိ ကျွန်တော် မြတ်နိုးအပေါ်တခါမှအခွင့်အရေးမယူခဲ့ဖူးဘူး
ဒါကလက်ထပ်ပြီးတဲ့အချိန်ထဲကဖြစ်မယ်

ကျွန်တော်ချစ်သောမောင့်ကမ္ဘာWhere stories live. Discover now