အပိုင်း 7

2.5K 182 1
                                    

ခနဲ့သူရအိမ်ပြန်လာတဲ့လမ်းတလျှောက်လုံးစကားမပြောခဲ့ကျသလိုအိမ်ရောက်တော့လည်း တယောက်တနေရာဆီအသီးသီး၀င်သွားကြသည်
အခန်းထဲရောက်တော့ခတယောက်တွေးနေမိတယ် ငါဘာဖြစ်သွား တာလဲ ငါ့သူ့ကိုဘာလုပ်လိုက်မိတာလဲ
သူကယောကျာ်းလေးတယောက်လေ အဲ့လိုပဲငါကလည်းယောကျာ်းလေးတယောက် ခ မင်းဘာတွေလုပ်မိနေတာလဲ ရူးနေလား တအိမ်ထဲတူတူနေတာမျက်နှာချင်းမဆိုင်ရဲအောင်လုပ်မိနေတာလား ခထက်မြက်နိုင်မင်းတော့သေတော့မှာပဲ
(ခတယောက်အတွေးထဲမှာကိုယ့်ကိုကိုယ် အပြစ်တင်နေမိသည်)
..........
ဒီဘက်မှာလဲသူရတယောက် ခ ကငါ့ကိုနမ်းတာဘာလို့ငါကငြိမ်ခံနေမိတာလဲ ခ ငါ့ကိုသဘောကျနေတာများလား မဖြစ်နိုင်ပါဘူး သူကငါ့ကိုဒီလောက်အမြင်ကတ်နေတာ ငါကရောသူ့ကို....
မဖြစ်ဘူးသူရ မင်းဆက်မတွေးနဲ့တော့ သူ့အိမ်မှာနေပီးသူ့ကို....မဖြစ်ဘူး ပြသနာတွေဖြစ်ကုန်မယ် သူကငါ့ကျေးဇူးရှင်ရဲ့သားပဲ တော်ပီ ဒါဘာမှမဟုတ်ဘူးမေ့လိုက်တော့ သူရအတွေးများနဲ့ခဏတာအိပ်ပျော်သွားလေသည်
.......
နိုးလာတော့
၀ှား.....ဘယ်နှနာရီတောင်ရှိနေပီလဲ ၆နာရီတောင်ထိုးနေပီပဲ ရေချိုးပီးအောက်ဆင်းဦးမှ ခဏနေအန်တီတို့ထမင်းစားဖို့စောင့်နေတော့မှာ
သူရရေချိုးပီးအောက်ထပ်ကိုဆင်းလာလိုက်တယ်
"ကြီးကြီးသားဘာကူလုပ်ပေးရဦးမလဲ"
"ရပါတယ်သားရယ် ကြီးကြီးပီးပါပီ ခုံမှာပဲထိုင်စောင့်နေ"
"ဟုတ်"
ခဏနေတော့ ခမေမေဆင်းလာတယ်
"အန်တီလာထိုင် " သူရထိုင်နေရာကနေအန်တီကိုမြင်တော့ထပီးခုံကိုဖယ်ပေးလိုက်တယ်
"သူရ ခ ရော ဆင်းမလာသေးဘူးလား"
"ဟမ် ....ဟို "
သူရဘာပြောရမှန်းမသိ နေ့လည်ကဖြစ်ထားတဲ့ကိစ္စကလည်းရှိသေးတယ်မှတ်လား ဘယ်သူမှမသိပေမဲ့ အန်တီရှေ့ရောက်တော့မျက်နှာပူနေရတယ်
" ခ တယောက်ဘာတွေလုပ်နေလဲမသိဘူး ခုထိဆင်းမလာသေးဘူး ဒီကောင်လေးကတော့ ထမင်းစားချိန်ကို သူရ သားပဲ ခကိုသွားခေါ်လိုက်ပါဦး"
"ဗျာ...." ဒုက္ခပါပဲ ငါကသူ့ဆီဘယ်လိုမျက်နှာနဲ့သွားခေါ်ရမှာလဲ ဟိုရောင်လို့ရိုက်မထုတ်ရင်ပဲကံကောင်း သူရတယောက်တည်းအတွေးတွေကြားဗျာများနေသည်
" သား သူရ ခ ဘာတွေစဥ်းစားနေတာတုန်း ဘာလဲမင်တို့နှစ်ယောက်ရန်ဖြစ်ထားတာလား "
"ဗျာ ...မဟုတ်ပါဘူး"
"ကျွန်တော် ခကိုသွားခေါ်လိုက်ဦးမယ် " ဆက်မေးနေရင်နေစရာမရှိဖြစ်တော့မယ် မထူးဘူးအပေါ်တက်သွားပီးအဆင်ပြေသလိုလုပ်တာပေါ့"
.......
ဒေါက် ဒေါက် ဒေါက် (တံခါးခေါက်သံ)
"၀င်လာခဲ့" (ဒီကောင်ဘယ်သူလဲဆိုတာတောင်မမေးတော့ပဲတန်းပီး၀င်ခွင့်ပေးတာပဲလား)
သူရခပ်လန့်လန့်နဲ့၀င်သွားလိုက်သည်

ကျွန်တော်ချစ်သောမောင့်ကမ္ဘာWhere stories live. Discover now