အပိုင်း3

3.3K 207 0
                                    

သူရတယောက်ဧည့်ခန်းထဲစောင့်နေတုန်း ခြံထဲ၀င်လာတဲ့ကားသံကြားတော့အပြင်ဘက်လှည့်ကြည့်လိုက်တယ်

"သူဌေးဧည့်ခန်းမှာကောင်လေးတယောက်ရောက်နေတယ်သူဌေးနဲ့တွေ့ချင်လို့တဲဲ့ "
ဒေါ်မြသီတာထက်အိမ်ထဲ၀င်လာတာတွေ့တော့သူရတယောက်ထပီးနှုတ်ဆက်လိုက်တယ်

"အန်တီမဂ်လာပါ "
" မင်းကဘယ်သူတုန်းငါနဲ့တွေ့ချင်လို့ဆို ဘာ ကိစ္စ ရှိ လို့ လဲ"

"ဟုတ်ကဲ့ကျွန်တော်နာမည် မြတ်သူရမောင်ပါ ကျွန်တော်က ဒေါ်မြတ်မိုးခင်ရဲ့သားပါ
"မြတ်မိုးခင်သားလား ဒီအရွယ်တောင်ရောက်လာပီပဲ မတွေ့တာတော်တော်ကြာနေပီ မင်းအမေရော နေကောင်းရဲ့လား"

"အမေ ကတော့ ဆုံး သွား ပါ ပီ"
"ဘယ်လို ဆုံး သွား ပီ ဟုတ် လား စိတ်မကောင်းလိုက်တာ ဘယ် လို ဖြစ်ရတာလဲကွယ်"

"ဟုတ် အမေကရောဂါနဲ့အိပ်ယာထဲလဲနေတာ၃နှစ်လောက်ရှိ ဟိုတလောကပဲဆုံးသွားတာပါ"သူရကပြောရင်းမျက်နှာမကောင်းတော့ဒေါ်မြသီတာထက်လည်းစိတ်မကောင်းဖြစ်မိ
"အော် အေးကွယ် အန်တီတို့လည်းအဆက်အသွယ်ပြတ်နေခဲ့တာ18နှစ် လောက် ရှိ နေ ပီ နောက်ဆုံးတွေ့ခဲ့ကြတုန်းက မင်းက၁နှစ်ကျော်လောက်ပဲရှိဦးမယ်ထင်တယ်"

"ကဲပါအဲ့တာတွေနောက်မှပြောတာပေါ့ သားလည်းပင်ပန်းလာပီ မြတ်မိုးခင်ရဲ့သားဆိုတော့အန်တီသားပဲပေါ့ အန်တီစောင့်ရှောက်ရမှာပေါ့ အန်တီအိမ်မှာနေပီးသားဖြစ်ချင်တာတွေဆက်လုပ်ပေါ့ အန်တီကိုအားမနာနဲ့နော် ဒီအိမ်မှာ အန်တီနဲ့ အန်တီသား ခ ရယ် အလုပ်သမားတွေရယ်ပဲရှိတာ လွတ်လွတ်လပ် လပ် နေနော်"
"ဟုတ်ကျေးဇူးပါအန်တီ"
"ဒါနဲ့သားကအသက််ဘယ်လောက်ရှိပီလဲ ကျောင်းတက် နေ တုန်း လား"
"ကျွန်တော်အသက်က၂၀ပါ ၁၀တန်းအောင်ပီးပါပီ ရွာမှာပဲဆိုတော့ကျောင်းဆက်မတက်ဖြစ်တော့ဘူး အမေကလည်းနေမကောင်းတော့အမေ့ကိုပြုစုပေးရတယ်လေ အဲ့တာနဲ့ 10 တန်းအောင်ပီးကျောင်းဆက်မတက်ဖြစ်တော့ဘူး"

"အခုရော သားဘာလုပ်မယ်လို့စဥ်းစားထားလဲ"
ကျွန်တော်အလုပ်လုပ်ပီးကျောင်းဆက်တက်ချင်တယ်အန်တီ
" အေးကွယ် ကောင်း ပါ တယ် ဒါဆိုလည်းသားကျောင်းဆက်တက်ပေါ့ သားညီလေးနဲ့တူတူ တက်လို့ရတာပေါ့ ကျောင်းတက်ရင်းဘာလုပ်ချင်တယ်ဆိုစဥ်းစားပေါ့ အလုပ်ကတော့လုပ်စရာမလိုပါဘူးကွယ် အန်တီကသားတယောက်လောက်တော့ကျွေးထားနိုင်ပါတယ်" ဒေါ်မြသီတာထက်ပြုံးပြီးသူရကိုပြောနေလိုက်တယ်

ကျွန်တော်ချစ်သောမောင့်ကမ္ဘာWhere stories live. Discover now