အပိုင်း 16

1.5K 80 0
                                    

" မေမေ သားတို့ဒီနေ့အပြင်သွားစရာရှိတယ်"
"အင်း သားတို့ကဘယ်ချိန်သွားကြမှာလဲ"
"ခဏနေသွားတော့မယ် မေမေ ဟိုနေ့ကလမ်းမှာသူရသူငယ်ချင်းနဲ့တွေ့တာအဲ့တာသူရကမတွေ့တာကြာလို့ဆိုပီး သွားမလို့"

"အော် အေးပါ "
"အဲ့တာဆိုအပြန်ကျမေမေ့ကို city mark ဝင်ခဲ့ပေးပါလား အိမ်မှာကုန်​နေတာတွေဝယ်ရအောင် သားတို့ထွက်မယ်ဆိုတော့မေမေထပ်မထွက်ဘူးလေ "

"ဟုတ် အဲ့တာဆိုအပြန်ကျဝင်ခဲ့မယ်လေ ရောက်တော့မှဖုန်းဆက်လိုက်မယ် ပီးရင် ခ ကမမှတ်မိတော့ဘူး ဟီး..."
ခ တို့သားမိနှစ်ယောက် မနက်စာစားရင်းစကားပြောနေကြသည်

"သူရရော မဆင်းလာသေးဘူးလား"
"ဟုတ်တယ် သူကမနက်စာမစားတော့ဘူးတဲ့ ဟိုရောက်မှပဲစားတော့မယ်တဲ့ ခဏနေလာလိမ့်မယ် ဘုရားရှိခိုးနေတုန်းထင်တယ် "

"အေးအေး သူများသားသမီးတွေများလိမ္မာလိုက်တာ မနက်ဆိုစောစောစီးစီးထပီး ဘုရားတရားလုပ်ရတာ တချို့တွေများကျ နေဖင်ထိုးတာတောင်အိပ်လို့မဝဘူး"

"ဟာ မေမေ ဘယ်သူ့ကိုစောင်း​ပြောနေတာလဲ ခ ကအခုအလုပ်မှာလူကြီးဖြစ်နေပီနော် ပီးတော့ အခုလည်းအမြဲတမ်းစောစောထနေပီ မေမေ ခကိုရုံးကလူတွေရှေ့မှာတော့အဲ့လိုမပြောနဲ့နော် တော်ကြာကြားရင် သားကိုအထင်သေးပီးနောက်ကွယ်မှာဘောစ့်အိပ်ပုတ်ဆိုပီးနာမည်တွင်နေမယ်"
ခ ရဲ့ပြောစကားကြောင့် မေမေတချက်ရီလိုက်သည်

"မေမေနော် ဘာရီတာလဲ ဟွန့်"
သားမိနှစ်​ယောက်စကားပြောနေတုန်း သူရ ထမင်းစားခန်းထဲဝင်လာသည်

"ခ ဘာတွေဆူပုတ်နေတာလဲ "
" ဒီမှာ မင်းညီသူ့ကိုအိပ်ပုတ်လို့ပြောလို့တဲ့စိတ်ကောက်နေတာ "
"...."
"သွားကြတော့မှာလား မနက်စာစားသွားဦးလေ သူရ"
"မစားတော့ပါဘူး အန်တီ သားသူငယ်ချင်းနဲ့ချိန်းထားတာအဲ့ရောက်မှပဲစားတော့မယ် "
"အေးပါ အေးပါ "

" ခ သွားမယ်လေ "
"ဟမ် အင်း...."
ခ တယောက်ငူငူကြီးထိုင်ပီးစဥ်းစားနေသည် သူရခေါ်လိုက်မှသတိဝင်လာသည်

"သား နေမကောင်းဘူးလား "
"ကောင်းပါတယ်"
"သားတို့သွားတော့မယ်နော် မေမေ အပြန်ကျဖုန်းဆက်လိုက်မယ် "
"အေးအေး ကားသေချာမောင်းဦးနော် "
"ဟုတ် "
ခ တို့ကားရှိရာကိုထွက်လာကြသည်

ကျွန်တော်ချစ်သောမောင့်ကမ္ဘာWhere stories live. Discover now