အပိုင်း 21

1.4K 80 3
                                    

"ကိုကို ....ဒီနေ့ဖေဖေကသူ့ကုမ္ပဏီကိုလာခဲ့ဦးတဲ့ "
"ကိုကုမ္ပဏီမှာ ဒီနေ့အစည်းဝေးရှိတယ် ဒီနေ့သွားဖို့အဆင်မပြေဘူး "
"အဲ့တာဆိုလည်းဖေဖေ့ကိုဖုန်းဆက်လိုက်မယ်လေ မနက်ဖြန်မှလာတော့မယ်လို့"
"အင်း"
တခွန်းထဲသာပြောပြီးအခန်းကထွက်လာလိမ့်သည်

အခုဆိုမောင်နဲ့မတွေ့ရတာ သုံးလရှိပြီ ဒီကြားထဲမောင်အဆင်ပြေရဲ့လားမသိ မောင်နဲ့ပက်သက်လို့ဘာအကြောင်းတစုံတရာမှမကြားရ
မေမေရဲ့ ဆန္ဒအရ မေမေ သူ့မိတ်ဆွေသမီးနဲ့လက်ထက်ရမယ်ဆိုလို့ မိတ်ဆက်ပေးတော့ ဘယ်သူများလဲမှတ်တယ် တခြားသူမဟုတ် ကျောင်းတုန်းက အမြင်ကတ်ခဲ့ရတဲ့ မြတ်နိုးဥဆိုတဲ့ကောင်မလေး

လွန်ခဲ့​သော ၃ လခန့်က
"မေမေ လက်ထပ်ရမယ်ဆိုတာသူလား "
ဟိုရောက်တော့မှတွေ့လိုက်တော့ ခ မျက်လုံးပြူးသွားသည် ကမ္ဘာကြီးကအဲ့လောက်တောင်ကျဥ်းလား
"အင်း ဟုတ်တယ် "
"နင်က ခထက်မြတ်နိုင် မှတ်လား ငါ့ကိုမှတ်မိလား"
သူလည်းအခုမှသူလက်ထက်ရမဲ့သူကကိုယ်ဆိုတာသိတဲ့ပုံပဲ

"သမီးတို့ကသိကြလို့လား" မေမေကဝင်ပြောလိုက်တော့
"အင်း သမီးတို့က uni တူတူပဲလေ ကျောင်းမှာတွေ့ဖူးပါတယ်
ထက်မြက်က မှတ်မိမလားတော့မသိဘူး မြတ်နိုးကတော့ ထက်မြတ်ကိုမှတ်မိပါတယ် "
"အန်တီသိလား ထက်မြတ်ကကျောင်းမှာ မာနခဲမင်းသားပဲ သူ့ကိုကြိုက်နေတဲ့ကောင်မလေးတွေအများကြီးကိုတ​ယောက်မှပြန်မကြိုက်ပဲတယောက်တည်းနေတာ အခုထိတောင် အန်တီပေးစားမှမိန်းမရတော့မှာထင်တယ် " ရီမောပြီးပွင့်လင်းတဲ့ မြတ်နိုးဥရဲ့ စကားအပြောအဆိုအောက်မှ မေမေကတော့တော်တော်သဘောကျနေတယ်

ခ ကတော့  သူ့အကြောင်းတွေဖော်ကောင်လုပ်ပြီး တဟီးဟီးလုပ်နေတဲ့ မြတ်နိုးဥကို ရိုက်သာသတ်ပြစ်လိုက်ချင်တယ်
"မေမေ သားမပြင်ခဏထွက်ကြည့်ဦးမယ်နော် "
"ဘယ်အပြင်လဲသား " စိတ်မချစွာနဲ့မေးလာတဲ့မေမေ့ရဲ့ကသူ့ကိုမယုံသက်ာစွာမျက်လုံးနဲ့တချက်ကြည့်လိုက်သည်
"ခြံထဲသွားကြည့်မလို့ပါ "
"ဒီမှာလူကြီးတွေနဲ့လေ အဲ့လိုထသွားလို့ကောင်းမလား ခ ရဲ့"
သားမိနှစ်ယောက်တီးတိုးပြောနေပေမဲ့ဘေးလူတွေပါကြားရတာကြောင့်
"အော်....သီတာရယ် သွားပါစေ ကလေးတွေကအနေခက်လို့နေမှာပေါ့ သား သွားသွားရတယ် အန်တီတို့ကိုအားမနာနဲ့ "
ထိုအန်တီစကား​ကြောင့်အဆင်ပြေသွားပေမဲ့ နောက်ဆက်တွဲစကားကြောင့် ခ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်

ကျွန်တော်ချစ်သောမောင့်ကမ္ဘာWhere stories live. Discover now