မနက်5:00
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
အပြင်မှာမှောင်နေသေးပေမဲ့ အထဲမှာတော့ လူတွေရှုပ်ယှက်ခတ်နေကြသည်မနက်အစောကြီးထွက်လာတာမို့ ဘာမှမစားရသေးတာကြောင့် နာရီတချက်ကြည့်လိုက်တော့ 5 နာရီပဲရှိသေးသည် သီဟတို့လေယာဥ်ဆိုက်ဖို့အချိန်လည်းလိုသေးတာကြောင့် ကော်ဖီဆိုင်တဆိုင်ဝင်ဖို့ဆုံးဖြတ်လိုက်သည်
"မောင် ဘာမှမစားရသေးဘူးမှတ်လား
ကော်ဖီသွားသောက်ရအောင် "
"အင်း"
ခ နောက်ကိုသာလိုက်လာသည်"မောင်ဘာစားမလဲ"
"ရတယ် ခ အဆင်ပြေတာပဲမှာခဲ့"
မောင် ဘာဖြစ်နေတာလဲမသိပေမဲ့ ထွက်လာတဲ့လမ်းမှာလည်းစကားတခွန်းမှမပြော
အခုလည်းကိုယ်စားချင်တာမပြောပဲအဆင်ပြေတာမှာခဲ့တဲ့
စားစရာတွေယူလာပြီးခုံမှာဝင်ထိုင်လိုက်တယ်"မောင့်အတွက် ကော်ဖီနဲ့ကိတ်မုန့်ပဲဝယ်လာတယ် "
"အင်း"
တခွန်းတည်းသားပြောပြီး ကော်ဖီကိုမော့သောက်လိုက်တယ်
စားသောက်လို့ပြီးတော့ အချိန်ခဏကျန်နေသေးတာနဲ့ မောင့်ကိုကြည့်တော့ မသိချင်ယောင်ဆောင်ပြီးဖုန်းကိုသာဆက်ကြည့်နေတယ်"မောင် "
ခေါ်လိုက်တော့ခေါင်းတော့မော့ကြည့်လာသည်
"ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား"
"မဟုတ်ပါဘူး "
"မောင် ခကိုကြည့် ဘာဖြစ်နေတာလဲ "
"မဖြစ်ပါဘူးဆို"
အော်မပြောပေမဲ့ ခ မေးလိုက်တဲ့စကားကြောင့်စိတ်ရှုပ်သွားဟန်ပေါ်သည်"ခ တောင်းပန်ပါတယ် မောင် ခကိုဘာမကျေနပ်တာရှိလို့လဲ ပြော"
"ဟင့်အင်း "
"မောင် အဲ့လိုကြီးလုပ်မနေနဲ့ ခ ဝမ်းနည်းလာပြီ "
"မောင်တို့စကားပြောရအောင် ခ "
"အင်း မောင်ပြောလေ "ရုတ်တရက်လေယာဥ်ဆိုက်ပြီဆိုတဲ့အသံကြောင့် ခ နာရီကိုကြည့်လိုက်တော့ 5 နာရီခွဲကျော်နေပြီ
"မောင် သီဟတို့ လေယာဥ်ထင်တယ် သွားရအောင် "
ကော်ဖီဆိုင်ကထပြီး ခရီးသည်တွေကိုစောင့်တဲ့နေရာမှာသွားစောင့်နေလိုက်တယ်
ခဏကြာတော့ သီဟတို့ကိုတွေ့ပါပြီ"ခ "
မြန်မာကားတွေထဲကလိုလက်ပြပြီးပြေးဖက်လိုက်သည်
"သူများတွေနိုင်ငံခြားသွားလို့ချောလာတယ် အသားဖြူလာတယ်ကြားတယ် မင်းတို့ကျ ပိုရုပ်ဆိုးသွားတယ်နော် "
"ခွေးကောင် တွေ့တာနဲ့ကိုက်ချင်နေပြီလား"
"ဟားဟား "
ရီမောပြီးလေဆိပ်ကနေထွက်ပြီး ကားရှိရာကိုလာခဲ့ကြသည်
YOU ARE READING
ကျွန်တော်ချစ်သောမောင့်ကမ္ဘာ
Storie d'amoreရွေးချယ်စရာတွေများတဲ့ကမ္ဘာကြီးထဲမှာပိုကောင်းတဲ့အရာတွေရှိနေခဲ့ရင် တောင်မောင့်ကိုပဲအမြဲရွေးမယ်