အပိုင်း 31 (Final)

5K 138 0
                                    

"မောင် နိုးရင်ထတော့ အိပ်ချင်ယောင်​ဆောင်မနေနဲ့ "
အခုဆို အိမ်မှာ မြတ်နိုးရယ် ခ ရယ် မောင်ရယ်သုံး​​ယောက်နေဖြစ်တာများသည် မောင် ကတခါတလေတော့ ကိုလင်းခဆီပြန်သည် မောင်နဲ့ ခကိုတခန်းထဲတူတူနေပြီး မြတ်နိုးကတော့အောက်ထပ်မှအိပ်သည် မိဘတွေမသိသေးတဲ့အခြေအနေမို့ ဆက်ပြီးဟန်ဆောင်ထားတယ်ပဲပြောရမလား ဒီနေ့မေ​မေ့ဆီသွားဖို့လုပ်ထားတာ အားလုံးပြောပြပြီး မေမေလက်ခံလာအောင်သွားတောင်းပန်မလို့လေ မြတ်နိုးရော လိုက်မယ်ဆိုတော့ နှစ်ယောက်တည်းသွားတာထက်စာရင်တော့ နည်းနည်းပိုထိရောက်မှုရှိမယ်ထင်တာပဲ မြတ်နိုးပါတော့ မေမေလည်းနည်းနည်းတော့ စိတ်​​လျော့ပေး လိမ့်မယ်ထင်တယ် မြတ်နိုးကိုပဲထပ်ပြီးအသုံးချရတာလည်းအားနာလှပြီ ဒါတွေအားလုံးပြီးရင်တော့ အရာအားလုံးနေသားတကျနဲ့အဆင်ပြေသွားမှာပါ

ဘေးမှာအိပ်ချင်ယောင်ဆောင်ပြီးအတင်းဖက်ထားတဲ့ မောင့်ကိုနာနာထုပြစ်ချင်သည် အိပ်နေတာလည်းမဟုတ် ဖယ်ဆိုလည်းမဖယ် တမင်လုပ်နေတာဖြစ်သည်

"မောင် ဖယ်တော့ ရေချိုးတော့မယ် ပြီးရင်မေမေ့ဆီသွားရမယ် ထတော့"
"ဟွန်း...မထချင်သေးဘူး အိပ်ဦးမှာ လာဖက်ထားဦးမယ် "
"ဖက်ချင်ရင်​နောက်မှဖက် မေမေ့ဆီကခွင့်ပြုချက်ရပြီးရင် ခရီးလိုက်ပို့မယ် "
အဲ့ထက်မှမျက်လုံးဖွင့်ပြီး မော့ကြည့်လာသည်
"တကယ်နော် ခ ကတိ ပြောပြီးမှမမေ့နဲ့"
"အင်းပါ ထတော့ ရေသွားချိုး မြတ်နိုးစောင့်နေရမယ် "
အဲ့ထမှကုန်းထကာ ရေချိုးခန်းထဲ​ပြေးတော့သည်
တခါတလေတော့လည်းမောင်က ကိုယ့်ထက်ကြီးပေမဲ့ ကလေးဆန်နေတတ်သည် ဒါပေမဲ့ အဲ့တာလေးတွေကိုပဲချစ်နေရတာမှတ်လား
......
ဒီနေ့ကပိတ်ရက်မို့ မေမေ့ဆီသွားဖို့ဆုံးဖြတ်ထားတာဖြစ်သည်
တချိန်လည်းပြောရမဲ့တူတူဖုံးကွယ်ပြီးမနေချင်တော့တာကြောင့် အမှန်တိုင်းပြောပြီးနားလည်ပေးဖို့မေမေ့ကိုနားချရဦးမည်

ဒီတပတ်ထဲရုံးပျက်တာ ၃ ရက်မို့လို့ နဲနဲတော့အားနာသည် ခ ကတော့သူဌေးမို့ရုံးပျက်တာကိစ္စမရှိ ကိုယ်ကအလုပ်ဝင်တာလည်းမကြာသေး ဒီလောက်ပျက်နေတော့ ရုံးကလူတွေကတော့နောက်ကွယ်မှာပြောနေကြပြီဆိုတာသေချာသည်
ဒီနေရာမှာမြတ်နိုးအဖေမို့လို့ပေါ့ သူဌေးရဲ့သမီးသူငယ်ချင်းဆိုတော့ နည်းနည်းမျက်နှာသာရသည် မဟုတ်ရင် ပြုတ်တာကြာပေါ့

ကျွန်တော်ချစ်သောမောင့်ကမ္ဘာWhere stories live. Discover now