မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဒေါ်မြသီတာထက်မျက်လုံးအစုံပြူးသွားတယ်
သူအခန်းထဲဝင်သွားပီးပွဲကြမ်းလိုက်ချင်ပေမဲ့ ထိုအခြေအနေကသူကဟန့်တားနေသည်အတွေးပေါင်းစုံနဲ့ကပျာဖြစ်ကာ သူ့ရဲ့သားလေးက ဒီလိုလိင်တူစိတ်ဝင်စားတဲ့သူတယောက်ဆိုတာသူမအနေနဲ့ဘယ်တုန်းကမှမတွေးခဲ့မိဘူး သိလည်းမသိခဲ့ဘူး
အခုတော့ဖြင့်သူမထိုမြင်ကွင်းကြောင့် ခေါင်းကြီးသွားသည် ဒီအခြေအနေကိုဝုန်းဒိုင်းကြဲလိုက်ရင်နှစ်ဖက်လုံးအတွက်ကောင်းတာမရှိလို့ နောက်မှခေါ်မေးဖို့သားဆုံးဖြတ်ပီး အောက်ထပ်ကိုပြန်ဆင်းသွားလိုက်သည် သို့ပေမယ့် မေမေမြင်သွားခဲ့တာကို ခ ရော မောင်ပါ နှစ်ယောက်လုံးမသိခဲ့ကြ သူတို့နှစ်ယောက်ရဲ့အချစ်ခရီးကိုသာဆက်နေကြသည်
......
"မောင်.... ဖယ်တော့ "
"ဘာဖြစ်လို့လဲ "
"ခ နာနေပီ" ကိစ္စပီးတာနဲ့ ခ ရဲ့ကိုယ်ပေါ်မှာမှောက်အိပ်နေတာကြောင့် ခ အောက်မှာပိနေသည်
"အော် အင်း ဆောတီး" မောင် ခရဲ့ကိုယ်ပေါ်ကဖယ်လိုက်ပီး ဘေးမှာဝင်လှဲလိုက်တယ်"မောင် "
"အင်း.....ခတို့အကြောင်းကိုမေမေသိသွားလို့လက်မခံရင်
ဘယ်လိုလုပ်မလဲ "
မျက်နှာကြပ်တည့်တည့်ကိုကြည့်ပီး မျက်တောင်မခတ်ပဲ မေးလာတဲ့ ခ ရဲ့အမေးကြောင့် မောင် ခ ဘက်ကိုလှည့်ကြည့်လိုက်သည်"ခ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် မောင်က ခ ကိုချစ်တယ်နော် "
"ဘယ်လောက်ပဲ ခက်ခဲပါစေ မောင် ခ ကိုထားမသွားဘူး ခမေမေကို မောင်ရင်ဆိုင်နိုင်တယ် ဒီလုပ်ရပ်ကကျေးဇူးရှင်တယောက်အပေါ် ကျေးဆွတ်တယ်ဆိုသလိုဖြစ်နေတာမောင်သိပါတယ် ဒါပေမယ့် ခကိုမောင်လက်မလွှတ်နိုင်ဘူး အဲ့တာကြောင့် ခ နဲ့ရှင်ခွဲလည်းမခွဲနိုင်သလို သေခွဲလည်းမခွဲနိုင်ဘူး ခ သေရင်မောင်ပါလိုက်သေမှာ ""တော်ပါတော့မောင်ရယ် အဲ့လိုစကားမျိုးတွေမပြောနဲ့ ခ လည်းမောင်နဲ့မခွဲနိုင်ပါဘူး ခ ပြောမယ်နော် မောင် ရွေးချယ်စရာတွေအများကြီးရှိတဲ့ကမ္ဘာကြီးမှာ ပိုကောင်းတဲ့အရာတွေရှိခဲ့ရင်တောင် ခ ကမောင့်ကိုပဲအမြဲရွေးချယ်မယ် မောင် အဲ့တာကြောင့်မောင့်ဘက်က ခ ကို သစ္စာမဖောက်ပါနဲ့ ပီးတော့ဘာပဲဖြစ်ဖြစ် ခ ကိုတယောက်တည်းမထားခဲ့ပါနဲ့...... "
YOU ARE READING
ကျွန်တော်ချစ်သောမောင့်ကမ္ဘာ
Romanceရွေးချယ်စရာတွေများတဲ့ကမ္ဘာကြီးထဲမှာပိုကောင်းတဲ့အရာတွေရှိနေခဲ့ရင် တောင်မောင့်ကိုပဲအမြဲရွေးမယ်