"မင်းတို့ မနက်ဖြန် လေယာဥ်က ဘယ်ချိန်ဆိုက်မှာလဲ "
"မနက် 5 ခွဲလောက်ရောက်မယ် "
"အစောကြီးပဲကွာ အိပ်ရေးပျက်ဦးမယ် နေ့ခင်းနေ့လည်ဆိုက်မဲ့လေယာဥ်နဲ့တော့မလာဘူး "
"ဘောလား အခုထိအသက်ကဖြင့်ကြီးနေပြီစောက်အိပ်ကမက်နေတုန်း လာချင်တဲ့အချိန်လာလို့ရအောင် လေယာဥ်တွေ ငါ့ဖေပိုင်တာမဟုတ်ဘူးဟေ့"
"အိပ်ရေးပျက်မှာကြောက်နေရင်လာကြိုမနေနဲ့တော့"တဖက်ကနေလှမ်းဆဲလိုက်တဲ့ သီဟ ကြောင့် ခ တယောက်အူတတ်နေရသည်"ဟား ဟား...အေးပါကွာ ရှိတာမှရှားရှားပါးပါးဒီရုပ်ဆိုးဆိုးသူငယ်ချင်းနှစ်ယောက်လေးကိုလာကြိုရမှပေါ့ "
VC ထဲကနေမျက်စောင်းလှမ်းထိုးလိုက်သောသီဟ
"ဒါနဲ့ သူရရောလာကြိုမယ်မှတ်လား"
" ခ လာရင် သူရမပါမဖြစ်မှန်းသိရဲ့သားနဲ့ ရှည်ပြီးသွားမေးပြန်ပြီ "
ပိုင်ဇေက သီဟဘေးတွင်ဝင်ထိုင်ပြီးပြောလိုက်သည်"သူရ ကမသေချာသေးဘူး မေးကြည့်ရဦးမယ် ဒါပေမဲ့ ပါအောင်တော့ခေါ်လာခဲ့ပါမယ် သူမအားဘူးဆိုရင်တော့မတတ်နိုင်ဘူး ပြန်လာရင်တဝိုင်းနော် အဲ့ကျမှမင်းတို့ကိုပြောစရာရှိတာတွေပြောပြမယ် ဒါပဲ နောက်ကျနေပြီအိပ်တော့မယ် မနက်ကျလာကြိုမယ်"
"Oki oki bye "
သီဟတို့နဲ့ VC ပြောပြီး မောင့်ကိုဖုန်းဆက်ဖို့လုပ်နေတုန်း အခန်းထဲကို မြတ်နိုးဝင်လာတာကြောင့် ဖုန်းကိုစားပွဲပေါ်ခဏတင်ထားလိုက်သည်"မြတ်နိုး ကိုယ်မနက်ဖြန် သီဟတို့ကိုလေဆိပ်မှာသွားကြိုမလို့ မြတ်နိုးမလိုက်တော့ဘူးမှတ်လား"
မြတ်နိုးနင်သွားသည်
"ကိုကို ရယ် မြတ်နိုးလိုက်မလားလည်းမဟုတ်ဘူး တခါတည်းအဆုံးကိုပြောချလိုက်တော့တာပဲ "
"မဟုတ်ပါဘူး လေယာဉ်ချိန်ကအစောကြီးဆိုတော့ မြတ်နိအိပ်ရေးပျက်နေမှာစိုးလို့ ""အင်း ကိုကို တယောက်တည်းသွားမှာလား "
"ဟုတ်တယ် ဒါပေမယ့် သူရကိုခေါ်ကြည့်ဦးမယ် သူလိုက်ရင်တော့နှစ်ယောက်ပေါ့"
အမှန်တိုင်းပဲပြောလိုက်သည် တော်ကြာသူ့မခေါ်ပဲတယောက်တည်းသွားချင်လို့ထင်နေဦးမယ် မြတ်နိုးကနားလည်မှုရှိတဲ့လူတယောက်ပါ သူရနဲ့ဆိုယုံကြည်သလိုစိတ်ချတယ် ကျောင်းတုန်းတည်းက ကိုယ်ကသာချေခဲ့တာ မြတ်နိုးက ကိုယ့်ကိုရောသူရကိုသိပ်ခင်ခဲ့တာ
![](https://img.wattpad.com/cover/244529191-288-k500499.jpg)
YOU ARE READING
ကျွန်တော်ချစ်သောမောင့်ကမ္ဘာ
Romanceရွေးချယ်စရာတွေများတဲ့ကမ္ဘာကြီးထဲမှာပိုကောင်းတဲ့အရာတွေရှိနေခဲ့ရင် တောင်မောင့်ကိုပဲအမြဲရွေးမယ်