အပိုင်း 26

1.4K 73 3
                                    

သီဟနဲ့ပိုင်ဇေကိုအရင်ပြန်ပို့ပြီးတော့ ကားထဲမှာ ခရယ်မောင်ရယ် နှစ်ယောက်တည်းကျန်ခဲ့တယ်
"မောင် ခုနက​​ပြောစရာရှိလို့ဆို "
"ခ ဘယ်လိုစဥ်းစားထားလဲ"
အစမရှိအဆုံးမရှိမေးခွန်းကြောင့်ဘာပြန်ဖြေရမှန်းမသိ
"ဘာကိုလဲ မောင်"
"ဒီတိုင်းဆက်သွားနေလို့မှမရတာ တချိန်ကြသိသွားရင်အားလုံးရှုပ်ကုန်မယ် "
မောင်ပြောချင်တာကို ခ သဘောပေါက်လိုက်သည်

"အဲ့​တော့ဘာဆက်လုပ်ချင်လဲ မောင် ခ ကမောင့်ကိုအားကိုးလို့ မောင့်ကိုဦးဆောင်ခိုင်းထားတာ မောင်က အမြဲ ခ အနောက်မှာပဲပုန်းကွယ်နေတော့မှာလား ထပ်ပြီးသတ္တိကြောင်ဦးမလို့လား

တခါတလေတော့လေ ငါတွေးမိတယ်သိလား သူရ မင်းငါ့ကိုချစ်တောင်ချစ်ခဲ့ရဲ့လားလို့
မင်းငါ့ကိုထားခဲ့ဖို့နှစ်ခါစဥ်းစားဖူးလား အမေကထွက်သွားခိုင်းတာနဲ့ငါ့မျက်နှာကိုတောင်မကြည့်တော့ပဲ တခါတည်းထွက်သွားတော့တာပဲ အဲ့တာတွေကြောင့်ပဲငါတို့ဝေးခဲ့ကြတာသိလား

ငါလေမင်းကိုကြည့်ရတာအားမရလိုက်တာ တခါတလေတော့ ငါလည်းဝဋ်လည်ချင်မိသား ငါချစ်သလိုပြန်ချစ်ခံချင်မိတယ်
ဒီလောက်မင်းအပေါ်လုပ်ပေးနေတာတောင်ငါ့အချစ်ကိုတခါမှမမြင်ဘူးလားဟမ် ငါဆိုတဲ့ကောင်ကလေ ဘယ်လိုလူမျိူးကိုမှဂရုစိုက်ခဲ့တာမဟုတ်ဘူး မင်းကိုဒီလောက် ခယနေတာမင်းမသိတာလား မသိချင်ယောင်ဆောင်နေတာလား"
ရှိသမျှ ဒေါသတွေအကုန်ပေါက်ကွဲထွက်လာပြီး ကားစတီယာတိုင်ကိုသာတင်းတင်းဆုပ်ကိုင်ထားတယ်

ဒေါသထွက်ပြီးနီနေတဲ့မျက်နှာကရှေ့တည့်တည့်ကိုသာလှည့်ထားမိသည် ကိုယ်ဒီလောက်ပြောနေတာတောင် နည်းနည်းလေးမှတုံပြန်မလာပဲ နှုတ်ဆိတ်နေတဲ့ သူရကိုကျွန်​တော် တကယ်အံ့သြမိသည်
.........
ကားစက်နှိုးပြီး အိမ်ကိုသာပြန်ဖို့လုပ်တော့ လက်ကိုလာကိုင်တဲ့ မောင့်ကိုမသိချင်ယောင်ဆောင်ပြီး ကားစက်ကိုသာဆက်နှိုးလိုက်သည်

"ခ နေပါဦး မောင်ပြောစရာရှိတယ် "
"ဘာလဲမောင် လမ်းခွဲဖို့လား ဒါဆိုဆက်မပြောနဲ့ "
"မဟုတ်ပါဘူး "
စက်နှိုးနေတဲ့တာကိုရပ်လိုက်ပြီး မောင့်ဘက်ကိုလှည့်ကြည့်လိုက်သည်

ကျွန်တော်ချစ်သောမောင့်ကမ္ဘာWhere stories live. Discover now